🏠 🍀
Ding Dong..... 🔔
အိမ်ရှေ့ခြံတံခါးက ဘဲလ် မြည်သံ.....
နေယံ ပြုံးဖြီးစွာ လှေကားမှ ဆင်းလာသည်
အိမ်ရှေ့မထွက်ခင် တံခါးနားမှာ မျက်နှာကို
အတည်တံ့ဆုံး ဖြစ်အောင်ပြင်သည်။ခြံတံခါးရှေ့မှာတော့ အဝါရောင်အပွင့်လေးတွေပါသည့် ဒူးဖုံးဂါဝန်လေးနဲ့ ကြိုးသိုင်းဖိနပ်ပါးလေးစီးထားပြီး ခါးထိရှိတဲ့ ဆံပင်ကိုတဝက်စည်းထားသည့်ကောင်မလေး
ဒီတိုင်း ကြည့်လျှင် ဘာမှမဟုတ်ပေမယ့်
ကျွန်တော့် မျက်လုံးထဲမှာ အရမ်းကိုလှနေသည်။"အဟက်" ထိုသို့အသံပြုလာမှ နေယံ
သတိဝင်လာပြီး....ခြံတံခါးကို ဖွင့်ပေးလိုက်သည်။သွန်းနောက်မှ ခပ်ခွာခွာလေးလိုက်လာသည်။ အိမ်က နှစ်ထပ်တိုက်ကြီး တခြားလူတွေလည်း တယောက်မှမတွေ့မိ ထို့ကြောင့်
"ဒီမှာ ရှင်တယောက်တည်းနေတာလား"
"အင်း"
"ဘာလို့လဲ"
"မွေးလာကတည်းက တယောက်တည်းပဲလေ"
"ရှင့် မိဘတွေကရော"
"မရှိတော့ဘူး"
သွန်း မေးမိတာကိုအားနာသွားသည်။သူကတော့နောက်ကို တချက်တောင်လှည့်မကြည့်။ အခန်းတခုရှေ့ အရောက်မှာတော့
"ဒါမင်းနေရမယ့် အခန်း"
"ဒီမှာ အလုပ်သမားလည်း မရှိဘူးဆိုတော့ ကျမက ဒီမှာ အိမ်မှုကိစ္စတွေ အကုန်လုပ်ပေးရမှာလား"
"ဟုတ်တယ် တနည်းအားဖြင့်ပြောရရင်"
နေယံစကားတောင်မဆုံးသေး"ဪ အိမ်ဖော်ပေါ့ "
သူ့သူပြောပြီးမျက်နှာလေးငြိုးသွားသည်။
နေယံပြောချင်တာကသူ့ရဲ့ အိမ်ရှင်မလိုမျိုးလို့ပြောမလို့ကို ကောင်မလေးက တွေးချင်ရာတွေးပြီး ဖြစ်သွားတဲ့ရုပ်လေးက
ချစ်စရာလေး ......"ဒါဆို ကျမ အိမ်အလုပ်တွေအကုန်လုပ်ပေးရင်ရပြီမလား" နေယံသွန်းကို ကြည့်လိုက်သည်။
နေယံ သွန်း ဆီကို တဖြည်းဖြည်းကပ်သွားသည်။ သွန်း နောက်မှာ နံရံပဲကျန်တော့သည်။ တယောက်စီရဲ့အသက်ရှူသံတောင် ဒီတိုင်းကြားနေရသည်။
သွန်း တွန်းဖယ်ဖို့လုပ်ပေမယ့် လက်တွေက
မရွေ့.....နေယံ ခေါင်းကိုအနည်းငယ်စောင်းလိုက်ပြီး သွန်းရဲ့ နား နားကိုလေသံဖွဖွဖြင့်