စားပွဲဝိုင်းတွင် မျက်နှာချင်းဆိုင်ထိုင်ကာ
မနက်စာစားနေသည့် လူနှစ်ဦး...
ပုံမှန်လည်း ရယ်မောပျော်ရွင်စွာ စကားတွေဖောင်ဖွဲ့လေ့မရှိပေမယ့် ဒီနေ့မှ ပိုပြီး တိတ်ဆိတ်နေသယောင် ...နေယံ ချောင်းဟန့်လိုက်သည်။ သို့ပေမယ့်သွန်းက အစားကိုသာငုံ့၍ စားနေဆဲ
"သွန်း " "သွန်း" နေယံ အသံနည်းနည်းမြင့်ကာခေါ်လိုက်မှ
"ရှင်" အနည်းငယ် လန့်သွားသည့်အသံဖြင့်ထူးလာသည်။
"မင်း ဘာဖြစ်နေတာလဲ"
"ဘာ ..ဘာမှမဖြစ်ပါဘူး"
"မင်းပုံစံက နေမကောင်းတဲ့ပုံစံနဲ့"
"ကောင်း..ကောင်းပါတယ် "စကားလုံးတို့ထစ်ငေါ့စွာပြောနေသည်မှာ ပို၍သံသယဖြစ်စရာကောင်းနေသည်။
"ဟုတ်ရောဟုတ်ရဲ့လား ဒီလောက်ပူနေတာကို ဘာလို့ လည်ပိတ်အင်္ကျီကြီး
ဝတ်ထားတာလည်း""ပူလို့လား မပူပါဘူး "
ဟုပြောကာ သွန်း အင်္ကျီ
လည်ပင်းကို အပေါ်သို့ဆွဲတင်လိုက်သည်။
ဘာလို့ဝတ်ထားဟုတ်လား ရှက်လို့ဟေ့ရှက်လို့ လည်ပင်းတခုလုံး အနီကွက်တွေ
မြင်မကောင်း....သွန်း စိတ်ထဲမှ ကကျိန်ဆဲနေမိသည်။နားမလည်နိုင်ဘူးဆိုသည့်သဘောနှင့် နေယံ
ခေါင်းကိုခါရမ်းလိုက်သည်။"ဒါနဲ့ မနေ့က မင်းဘာမှမဖြစ်ဘူးမလား"
သွန်းသောက်နေသာ ရေပင်သီးသွားသည်။
ဘာမှမဖြစ်ဘူးမလားတဲ့ မေးတဲ့ပါးစပ်ကို
အပ်နဲ့ချုပ်လိုက်ရရင်တော့ဖြင့်။"ဘာကို ဘာဖြစ်ရမှာလဲ ဘာမှမဖြစ်ဘူး"
"ပြီးတာပဲ ဒါဆိုငါ ရုံးသွားတော့မယ် "
ဟုဆိုကာ နေယံ ထရပ်လိုက်ပြီး
"စကားမစပ်မင်းကသိပ်ကို နူးညံ့တယ်"
နောက်ဆုံး သွန်း နား နားကို ကပ်ပြီးပြောသွားသောစကားကြောင့် သွန်း ကြက်သီးများပင်ထလာသည်။သူက မမှတ်မိတာလား မေ့ချင်ယောင်ဆောင်နေတာလား ဘာဖြစ်ချင်နေတာလည်းမပြောတတ် ။ မိသွန်းရေ သည်းခံ သည်းခံ
အချိန်သုံးလကုန်သွားရင် နင်တို့ကသူစိမ်းတွေပဲ......