Star {13} 🌟

2K 156 16
                                    

>>>>>>>

မနက်ခင်းရဲ့နေရောင်ခြည်က
တောက်ပပြီးမိုးသားများ
ကင်းစင်လှပလျက်.....

အနွေးဓာတ်ကပေါ့လျော့နေသလို
ခံစားလာရတာကြောင့်
အိပ်ပျော်နေရာမှအလိုလိုနိုးလာခဲ့သည်
မျက်လုံးဖွင့်ပြီးဘေးကို
တစ်ချက်ဝေ့ကြည့်လိုက်တော့
စိတ်အလိုမကျမှု နဲ့ ဝမ်းနဲမှုကို
အရင်ခံစားလိုက်ရသည်

ကျွန်မဆိုတာကလဲ မျက်လုံးဖွင့်ဖွင့်ချင်း
သူမမျက်နှာလေးကိုတမ်းပြီး
မြင်ချင်မိတာမျိုး...
အခုကျတော့ တစ်ယောက်ထဲ
အထီးကျန်စွာနဲ့နိုးထလာရတာတဲ့လား...

" နီနီ...နိုးနေပြီလား "

အလှဆုံးအပြုံးတွေနဲ့
ဗူးလေးတစ်ဗူးကိုကိုင်ကာ
အခန်းထဲသို့ရောက်လာခဲ့တဲ့
ကျမရှာနေရတဲ့ မိန်းခလေး
ကြည့်ရတာတော့တနေနေရာရာက
ပြန်လာတဲ့ပုံစံမျိုး....

သူ့အပြုံးတွေမှာမနစ်မျောမိခင်
စိတ်ကိုပြန်တင်းထားလိုက်ပြီး

" ဘယ်တွေသွားနေတာလဲ
အိပ်ပျော်နေတဲ့သူကိုတစ်ယောက်ထဲ
ပစ်ထားပြီးတော့ "

လီလီကကျွန်မအိပ်ယာဘေးမှာ
ဝင်ထိုင်လိုက်ပြီး ကျွန်မခါးကို
ဖက်တွယ်လာခဲ့တယ်

" ပစ်မထားရပါဘူး နီနီရယ်
မနိုးလောက်သေးဘူးထင်လို့ပါ
နောက်ကိုထားမသွားတော့ဘူးနော် စိတ်ချ "

" အခုက ဘာလို့ထားသွားတာလဲ "

" ဒီမှာလေ.... "

ခုနကစားပွဲပေါ်မှာ တင်ထားလိုက်တဲ့
ဗူးလေးတစ်ခု...

" ဒါက "

နီနီ ဗူးကိုကိုင်ကြည့်ပြီးပြောလိုက်သည်....

" ဆေးလေ နီနီရဲ့
နီနီချောင်းဆိုးနေလို့
ဆေးလုံးကခါးတော့မသောက်နိုင်ဘူးမလား
ဒါကြောင့်လီလီ
ဆေးရည်ချိုချိုလေးသွားဝယ်လိုက်တာ "

ဆေးရည်ချိုချိုလေးတွေက
ခလေးလေးတွေပဲသောက်ရတာ
မဟုတ်ဘူးလား..
လီလီ ကကျမကို ၁၆ နှစ်မပြည့်သေးတဲ့
ခလေးများထင်နေတာလားမသိ..

တက်ကြွစွာပြောဆိုနေတဲ့
လီလီ့ကိုသေချာကြည့်လိုက်ပြီး

🌟 မထိုက်တန်ခြင်းမည်သောကြယ်တာရာ 🌟Where stories live. Discover now