Star {18} 🌟

1.9K 148 16
                                    

>>>>>>

" သမီးလေး..နီနီ သတိရလာပြီလား "

ကျမနိုးလာခဲ့ပြီးမျက်လုံးဖွင့်ကြည့်လိုက်တော့
အရင်ဆုံး မြင်တွေ့လိုက်ရတာက
ချစ်လှစွာသော ကျမရဲ့မာမီနဲ့ဒယ်ဒီက
စိတ်ပူနေတဲ့မျက်ဝန်းတွေနဲ့
အနားကနေ လက်ခလေးကိုဆုပ်ကိုင်ပြီး
မေးလာခဲ့သည်

ဘယ်လောက်ပဲမတွေ့ချင်ဘူးပြောပြော
ဘယ်လောက်ထိပဲ စိတ်ဆိုးနေနေ
ကိုယ်အဆင်မပြေဖြစ်နေတဲ့အချိန်မှာ
အခုလိုတွေ့မြင်လိုက်ရတော့
အနဲငယ်တော့ကျေနပ်မိသယောင်...

ဒါနဲ့ ကျမရဲ့အချစ်ဆုံးကောင်မလေးရော
လီလီ.ကျမရဲ့လီလီကဘယ်ရောက်နေတာလဲ
မာမီတို့က ကျမတို့ရဲ့ချစ်ခြင်းတွေကို
ရက်ရက်စက်စက် ခွဲခွာပစ်လိုက်ပြီလား
မဖြစ်ရဘူး..ကျမဒီလိုအဖြစ်မခံနိုင်ဘူး...
တွေးလိုက်မိတာနဲ့တင်
မျက်ရည်တွေကဖိတ်ခေါ်မထားပါဘဲ
ပူနွေးစွာကျဆင်းလာရတယ်
ရင်ဘတ်ထဲက စူးနစ်စွာအောင့်တက်လာတဲ့
ဝေဒနာကို တင်းကြပ်စွာသည်းခံထားလိုက်ပြီး
အရူးတယောက်လို ကုတင်ပေါ်ကနေ
ထပြေးမိတော့ ပျော့ညံနေတဲ့ခြေထောက်တွေက
ခွေခနဲဖြစ်ပြီး နေရာမှာတင်လဲကျတော့မလို
ဖြစ်သွားရတယ်  သို့ပေမယ့်တကယ်တမ်းရောက်ရှိသွားတာက
ကြမ်းပြင်ပေါ်သို့မဟုတ်ဘဲ
အနောက်ကနေအလျင်အမြန်ဖမ်းလိုက်တဲ့
ဒယ်ဒီ့ရဲ့ ရင်ခွင်ထဲသို့သာ....

ဒယ်ဒီ့လက်တွေကိုပြန်လည်တွဲကိုင်လိုက်ကာ
အားတင်းပြီးတော့ထရပ်မိပြန်တယ်

" သမီးလေး...နီနီ..
လာပါကွယ်...သမီးကငြိမ်ငြိမ်လေး
အနားယူမှဖြစ်မှာပေါ့.. သမီးရဲ့ "

ဘေးကနေ ပူပန်မှုများစွာနဲ့
ဲပြောနေပေမယ့် အခုချိန်မှာ
လီလီ့ကိုစိတ်ပူနေမိတာကြောင့်
မာမီ့ကိုပါ အလိုမကျဖြစ်လာမိသည်

" အဟွတ်...အဟွတ်..
ဒယ်ဒီ.. သမီးကိုလီလီ့ဆီလိုက်ပို့ပေးပါ."

အရေးထဲမှ ကျမရဲ့ချောင်းဆိုးမှုကလဲ
သက်သာမလာနိုင်သေး..
မျက်ရည်တွေ ကြားကနေပြောလိုက်တဲ့
ကျမရဲ့စကားသံကအနည်းငယ်တော့
မာကျောနေမယ်ထင်ပါရဲ့

တကယ်လို့လီလီသာ
ကျမအနားမှာရှိမနေတော့ဘူးဆိုရင်
ဒီအပြစ်ရဲ့တရားခံက မာမီနဲ့ဒယ်ဒီပဲဆိုတာ
အလိုလိုသိနေမိတာကြောင့်ပဲဖြစ်ပါလိမ့်မယ်..

🌟 မထိုက်တန်ခြင်းမည်သောကြယ်တာရာ 🌟Où les histoires vivent. Découvrez maintenant