အပိုင်း _ ၁၈
အတုအယောင်သည်အစစ်မဟုတ် ၊ အစစ်သည်လည်း အစစ်မဟုတ်ရာချေ ။
(Unicode + Zawgyi )
"ကိုကို... "
နှစ်ယောက်စလုံးသည် ပါးပြင်ထက် ပန်းသွေးကလေးများ ခြယ်လာကြသည်။
"ဘယ်ဟာအစစ်လဲ.. "
နှစ်ယောက်သားမှာ ချန်ဖေးယွီအား စိုးရိမ်သော အကြည့်ဖြင့် ကြည့်ရှုလာကြပေသည်။
"ကျွန်တော်မေးမယ်... "
"..... "
".... "
"ကိုကို့ ကို ကျွန်တော်အကြိုက်ဆုံးအစားအစာ ပြောပြဖူးတယ် အဲ့တာ ဘာလဲ "
နှစ်ယောက်မှာ ပြိုင်တူ ဖြေလိုက်သည်။
"သစ်သီးတုတ်ထိုး ချိုချဥ် "
"ဘာလို့အတူတူဖြေတာလဲ...ငိုချင်နေပြီဗျာ ..ထပ်မေးကြည့်မယ် "
"အင်း "
"ဝူလေ့ကို ကိုကို လက်ဆောင်ပေးဖူးတယ် အဲ့တာဘာလဲ "
"ကျောက်စိမ်းအဝိုင်းပြား "
"လခွမ်းထဲမှ...ဘာလို့နှစ်ယောက်စလုံးမှန်နေကြတာတုန်း "
ချန်ဖေးယွီ မစဥ်းစားနိုင်တော့ပေ ၊ အတုအယောင်မည်သူနည်း အစစ်အမှန်ကား ဘာနည်း မသိတော့။
သို့ရာပေမူ အတွေးတစ်စုံ ခေါင်းထဲ ဖြတ်ခနဲ လင်း လက် လာရချေသည်။လော်ယွင်ရှီး အား အရိပ်များလက်မှ ကယ်ဆယ်ရင်း ပြေးလွှားသော် သတိမေ့မျောနေသည့် ယွင်ရှီး...ထိုအချိန်တုန်းက မင်္ဂလာဝတ်ရုံသည်ကား ဖရိုဖရဲ နှင့်မို့ ပုခုံးသားများ လျစ်ဟနေဖူးသည်။
ရှက်စရာကောင်းမှန်းသိပေမဲ့ သူခိုးကြည့်မိ၏ ။ ယွင်ရှီး၏ ပုခုံးတွင် ပန်းနုရောင် ပန်းပွင့် အမှတ်အသားလေး ရှိချေတည်း။
"ဟိုလေ... "
ထိုစကား အား ပြောဆိုရမည်ကို ချန်ဖေးယွီ မျက်နှာပူရပါ၏ ။
"နှစ်ယောက်စလုံး ညာဘက်ပုခုံးပြလို့ရမလား "
ဖေးယွီ၏ ပါးနှစ်ဖက်ကား မီးမြှိုက်ထားခံရသည့်အလား ပူထူနေရချေသည်။
YOU ARE READING
ကျိန်စာသင့် မင်္ဂလာဝတ်ရုံ (Completed )
Fanfictionသွေးလိုနီတဲ့ မင်္ဂလာဝတ်ရုံက သွေးသားတွေကို စားသောက်ရတာ နှစ်သက်တယ် ထိုဝတ်ရုံကို ဝတ်ဆင်ကာ ယစ်ပူဇော်ခံနေရတယ်.... မဖြစ်နိုင်ဘူး ယခုသူ့အလှည့်ကျလာခဲ့ပြီသူတို့ယုံကြည်နေတဲ့ ဝတ်ရုံ နတ်ဘုရားက သူ့ကိုရွေးချယ်သည်တဲ့လား... ယောကျ်ားသားတစ်ယောက်ဖြစ်နေပါလျက် ယခုတွင်...