အပိုင်း _ ၁၂
နတ်ဘုရား၏ ကြင်ယာတော်
(Unicode Ver:)
ပထမဆုံးသဘောကျမိသော သခင်လေး ၊ လောကတွင် တစ်ခါတည်းသော အလှပဆုံးဟု ဆိုကာ စိတ်ဝင်စားမိသော သခင်လေး ၊ ယောကျ်ားပျိုတစ်ယောက်ဖြစ်သည်ကို သိသော်ငြား ထို အဖိုအမ သတ်မှတ်ချက်ကို ခဝါချကာ ချစ်ခင်မိသော သခင်လေးက ယခုသူ့မျက်စိရှေ့တွင်ပင် ယစ်ပူဇော်ခံရဖို့ ရွေးချယ်ခံနေရလေပြီ။
သွေးများအထက်အောက်ပြောင်းပြန်စီးကာ စိတ်နှင့်ကိုယ် ကင်းလွတ်သွားရပါ၏ ။
"မဖြစ်ဘူး.....သခင်လေးလော်တော့ဖြစ်လို့မရဘူးလေကွာ...ဘာလို့လဲ "
သူ၏ မျက်ဝန်းထဲတွင် ရက်စက်လွန်းလှသော အနီရောင်မြင်ကွင်းကိုသာ အထပ်ထပ်မြင်ယောင်နေပေသည်။ ရွေးချယ်ခံသတို့သမီးလေး၏ မျက်ရည်များ၊ တစ်စတစ်စ လွင့်ပါးသွားသော အသွေးအသားများ ၊ အဆုံးသတ်၌ အရိုးစု ကိုတောင် အမှုန်အမွှားလေးပြောင်းကာ လက်စဖြောက်ပြီး လူမသိသူမသိပင် ဆုံးပါးသွားရသော ထိုမြင်ကွင်း ။သခင်လေးကိုကယ်တင်ချင်သည်... သို့သော် သူကဲ့သို့ အစွမ်းအစမရှိသည့်သာမန်လူတန်းစား က မည်သို့ကူညီနိုင်ပါ့မည်နည်း။ မျက်စိရှေ့တွင်ပင် အချိန်တို့ကုန်ဆုံးကာ ဝတ်စုံအပ်နှင်းပွဲကိုပင် ကျင်းပနေလေပြီ။ ထိုအကြောင်းတရားဖြစ်ပျက်လာမှုကြောင့် ဝမ်အိမ်တော်နှင့်စေ့စပ်ကြောင်းလမ်းမှုမှာလည်း ပျက်ယွင်းသွားခဲ့ပြီ။
ပိုင်ဟွားတစ်မြို့လုံး၏ အာရုံများကို သိမ်းပိုက်ထားသော ဝတ်ရုံအပ်နှင်းပွဲကြောင့် စျေးတွင်ပါ လူတစ်စမျှမရှိဘဲ ထိုနေရာတွင်ပင်စုဝေးနေကြသည်။
လူအများ၏ စိတ်ဝင်စားမှုခံနေရသော လော်သခင်လေးက ခါးပိုင်းနားတွင် အနီရောင်ကြိုးများနှင့်စည်းနှောင်ခံထားရသည်။ လက်နှစ်ဖက်အား ကြိုးစဖြင့်ပတ်ထား၏ ။ လှပလွန်းသော မထိမကိုင်ရက်စရာ ကြွေ ရုပ်ကလေးက ယနေ့တွင် ထူးခြားစွာဖြင့် ပုတုန်းရောင်ဆံနွယ်များအား ဖြန့်ကျက်ထားပေသည်တည်း။
နတ်ဆရာမှ လက်ထဲရှိ အနီရောင် မင်္ဂလာဝတ်ရုံမှာ အပြင်ပိုင်းလှပပေ သော်လည်း အကြောင်းအရင်းအား အလုံးစုံ မြင်တွေ့သိရှိပြီးသည့် လူငယ်လေး ချန်ဖေးယွီ အဖို့ လွန်စွာ ကြောက်မက်ရွံမုန်းဖွယ်ကောင်းလှ၏ ။ မျက်နှာလွှဲပစ်လိုက်သည်...သူဘာလုပ်နိုင်တော့မည်နည်း ။ သဘက်ခါအချိန်ဆိုရင်ပဲ ဝတ်ရုံနတ်ဘုရား အမည်ခံ မကောင်းဆိုးဝါးထံ သွားရတော့မည်။
အောက်ဆုံးထိ ထိုးကျသွားသော စိတ်ဓာတ်နှင့်အတူ လှည့်ထွက်လာပေမဲ့ ခပ်လှမ်းလှမ်းမှ လက်သီးဆုပ်ကာ ထိုပွဲအား ရပ်ကြည့်နေသော ဝမ်ရှင်းယွီက တစ်ချိန်တည်း သူ့အားမြင်သွားသဖြင့် အနားလာလေ၏ ။
"နင်.....ဟိုတစ်နေ့ကကောင်! !"
"ဝမ်မမလေး...ခင်များနဲ့ စကားပြောချင်စိတ်မရှိသေးဘူး... ရိုက်ရင်လဲ နောက်မှရိုက် "
"နင်ကဘာဖြစ်နေတာလဲ! !"
"ခင်များ ကိုယ်ချစ်ရမဲ့သူကိုဆုံးရှုံးရတော့မဲ့ ခံစားချက်ကို သိလား ချစ်တဲ့သူ ဒုက္ခရောက်နေတာသိပေမဲ့ ဘာမှ မကူညီနိုင်တဲ့ စောက်ရေးမပါတဲ့ အဖြစ်ကြီးကို နားလည်လား ဒီနေ့တော့ ကျွန်တော်ကို ပြသနာမရှာပါနဲ့ဗျာ "
ဝမ်ရှင်းယွီ ထိုစကားကြောင့် မျက်နှာချေမှုန့်ခပ်ပါးပါးလိမ်းခြယ်ထားသည့် လှပပျော့ပျောင်းသော မျက်နှာလေးထက် ဒေါသနှင့်အတူ ဝမ်းနည်းမှုပါ ဒွန်တွဲလာတော့သည်မို့လက်သီးတွေကို ခပ်တင်းတင်း ဆုတ်လိုက်သည်။
"ငါနားလည်တယ်....အလှည့်စားခံရတဲ့ အဖြစ်ကိုလည်းသိတယ်.... အဲ့နတ်ဆရာမ ကြောင့်.... ရင်းရင်းကိုကယ်ချင်ပေမဲ့ အမြူတေက သူ့ဆီမှာ... သူခိုင်းလို့ လော်ယွင်ရှီးကို သေလုဆဲဆဲ လုပ်ဖို့အထိပါကြံမိတယ်...ဒါပေမဲ့အမြူတေကို ဒီဟာမက မပေးသွားဘူး...ငါရင်းရင်းကို အဆုံးရှုံးမခံနိုင်ဘူး..."
သူမပြောသည့် အခြားစကားများနားမလည်ပေမဲ့ "လော်ယွင်ရှီးကို သေလုဆဲဲဆဲ လုပ်တယ်"ဆိုသည့်စကားက ချန်ဖေးယွီ၏ သွေးများအား ဆူပွက်လာစေသောကြောင့် သူမ၏ လည်ပင်းအား ဖမ်းချုပ်ကိုင်ကာ မေးမြန်းလိုက်သည်။
"နင်ဘာလုပ်.... "
"သခင်လေးကို မင်းကသတ်ဖို့ကြံတယ်လား "
"ငါရှင်းပြမယ်....ခွေးကောင်ရဲ့ "
ထို့နောက်တွင် သူမက စိတ်ရှည်စွာ အလုံးစုံရှင်းပြသည့်နောက်တွင် ချန်ဖေးယွီ၏ မျက်လုံးများပြူးကျယ်လာရပေပြီ။ဒါ...ဒါဆို နတ်ဆရာမကလည်း.... သူထင်ခဲ့သည့်အတိုင်းပေ။
"အဲ့တော့...နင်လော်ယွင်ရှီးကို ကယ်မှဖြစ်မယ်..."
"ဒါပေမဲ့ကျွန်တော် ဘာမှ မလုပ်နိုင်ဘူး...သာမန်လူတစ်ယောက်က မိစ္ဆာနဲ့ ချဖို့ဆိုတာ.... "
"နင့်ကို ချရမယ်လို့ ဘယ်သူပြောလဲ....နင်သခင်လေးလော်ကို သဘောကျတယ်မလား"
ဒဲ့တိုးပြောချလိုက်သော သူမကြောင့် ချန်ဖေးယွီ မျက်နှာ ရဲခနဲ ဖြစ်သွားရသည်။
"ဒါ...ဒါပေါ့ "
"အဲ့ဒါဆို အရသာ ကယ်ထုတ်သွား... ငါကူညီပေးမယ်.... အဲ့တာက သခင်လေးပေါ်ကြင်နာမှုကိုထောက်ပြီး ငါ့ရဲ့အမှားကိုလည်းတောင်းပန်လိုက်တာပဲ "
"ကောင်းပြီ...ဒါဆို ကျွန်တော်သခင်လေးကို ရအောင်ကယ်ထုတ်မယ် "
ဝမ်မမလေးနှင့် ချန်ဖေးယွီတို့ လက်ဝါးချင်းရိုက်ကာ သဘောတူပြီးခဲ့သည်။
أنت تقرأ
ကျိန်စာသင့် မင်္ဂလာဝတ်ရုံ (Completed )
أدب الهواةသွေးလိုနီတဲ့ မင်္ဂလာဝတ်ရုံက သွေးသားတွေကို စားသောက်ရတာ နှစ်သက်တယ် ထိုဝတ်ရုံကို ဝတ်ဆင်ကာ ယစ်ပူဇော်ခံနေရတယ်.... မဖြစ်နိုင်ဘူး ယခုသူ့အလှည့်ကျလာခဲ့ပြီသူတို့ယုံကြည်နေတဲ့ ဝတ်ရုံ နတ်ဘုရားက သူ့ကိုရွေးချယ်သည်တဲ့လား... ယောကျ်ားသားတစ်ယောက်ဖြစ်နေပါလျက် ယခုတွင်...