အပိုင်း _ ၁၂.၁ (ချစ်လှစွာသော သခင်လေးအား ကယ်တင်ခြင်း )

3.7K 466 3
                                    

အပိုင်း _ ၁၂.၁
ချစ်လှစွာသော သခင်လေးအား ကယ်တင်ခြင်း
(Unicode + Zawgyi Ver: )
တစ်ကိုယ်စာအတွက် လွန်စွာ ကျယ်ပြောသောဝေါယါဥ်လေးထဲတွင်အတွေးများဖြင့် ပြန့်လွင့်နေသည့် ကြင်ယာတော် ကလေးကား လှုတ်ခတ်လာသည့်တစ်စုံတစ်ခု ကြောင့် ထိပ်လန့်ကာ အတွေးပြတ်သွားပြီး ထိုအရာအား သတိဖြင့် စိုက်ကြည့်နေသည်။
မိမိထိုင်နေသည့်ရှေ့တည့်တည့် တွင် ဘွားခနဲ ပေါ်ပေါက်လာသည့် ထိုအရာကြောင့် အော်ဟစ်အကူအညီတောင်းရန်ကြိုးပမ်းပေသေါ်ငြား နှုတ်ခမ်းပါးတွေကို ချိတ်ပိတ်ခြင်းခံလိုက်ရပေ၏ ။
သွယ်လှသော လက်ချောင်းများက သခင်လေးလော်၏ နှုတ်ခမ်းများအား ပိတ်ထားသည့်အတွက်ဝူးဝူးဝါးဝါး အော်မြည်နေသော လော်ယွင်ရှီးမှာ ကြောက်လန့်မှုကြောင့် အရှေ့မှ လက်ပိုင်ရှင်ကို သေချာမကြည့်နိုင်သေး။
"သခင်လေး...သခင်လေး...မအော်နဲ့...ရှူး!!!"
ဒီအသံပိုင်ရှင်က ဧကန်န သူထင်တဲ့သူဖြစ်နေလေမလား။
အရဲစွန့်ကြည့်လိုက်သည့်တစ်ခဏ မျက်လုံးအစုံမှာ တစ်မဟုတ်ချင်းပြူးကျယ်လာရပေသည်။ ဧကန်အမှန်တစ်ချက် မလွဲမှားပေ တကယ့်အစစ်ကို ချန်ဖေးယွီဆိုသည့် လူရှုပ်လေး ဖြစ်နေပါပေတည်း။
ထိုအခါမှ ချန်ဖေးယွီက အုပ်မိုးထားသည့် နှုတ်ခမ်းပေါ်မှ လက်တွေကို ဖယ်ပေးလိုက်၏ ။
"မင်း!!!!!ဘယ်လို...... !!"
"တိုးတိုးနေ! !!"
အပေါ်မှ ရုတ်တရက်အုပ်မိုးလိုက်သည့် ခန္ဓာကိုယ်လေးအောက်တွင် လော်သခင်လေးမှာ ပြာယာခတ်သွားရသည်။
နီးကပ်သွားသော မျက်နှာ နှစ်ခု ၊ အချင်းချင်းရိုက်ခတ်နေသည့် အသက်ရှူသံများ ၊ ဆုံမိသွားသည့် မျက်လုံးနှစ်စုံ ။ ချန်ဖေးယွီ၏ လက်ချောင်းလေးက လော်ယွင်ရှီး၏ နှုတ်ခမ်းနှစ်လွှာအပေါ် ခပ်ဖွဖွ ထိထားလေသည်။
မဟူရာမျက်ခုံးတစ်စုံအောက်မှ တည်ငြိမ်မှုမရှိတဲ့ မျက်လုံးလေးတွေက ချန်ဖေးယွီအား ရှောင်လွှဲထား၏ ။ သခင်လေးထံမှ သင်းပျပျ ကိုယ်သင်းနံ့လေးမှာကား လူငယ်လေး၏ သွေးများကို အထက်အောက် ပြောင်းပြန်စီးဆင်းစေ၏ ။ ပူတက်လာသော မျက်နှာ ၊ နီရဲလာသည့် ပါးပြင်တစ်စုံ ၊ အတားအဆီးမဲ့ ခုန်လှုတ်နေသည့်ရင်ဘတ်နေရာကြောင့် အသာချောင်းဟန့်ကာ အလျင် ခွာလိုက်ရ၏ ။ ရှက်လွန်းတာကြောင့် သခင်လေးအား မျက်နှာ လွှဲထားသည်။
"တကယ်ကို..... သတို့သမီးဝတ်ရုံနဲ့လည်း....သခင်လေးက... ချောလိုက်တာ "
"မင်းဘာတွေပြောနေတာလဲ! !!"
"မဟုတ်...မဟုတ်..ဘူး... "
"ဘယ်လိုရောက်လာတာလဲ...သိကုန်ရင် ပြသနာတက်လိမ့်မယ် "
ထိုအသံကို အတတ်နိုင်ဆုံးတိုးဖွကာ ပြောရ၏ ။
"ကျွန်တော် တမင်လိုက်လာတာ.... သခင်လေးကို ကယ်တင်ချင်တယ်.... သခင်လေး..... "
".......... "
အနီရောင်မင်္ဂလာ ဝေါယါဥ်လေးမှာ တစ်ရွေ့ရွေ့နှင့်ပင် လူငယ်လေးနှစ်ယောက်၏ စကားစများကို ဖြတ်တောက်လိုက်သည်။ မြေပြင်နှင့်နီးကပ်သွားသော ထိုဝေါယါဥ်ကလေးကြောင့် နတ်ဆရာမထံရောက်ရှိလာပြီကို သိပေပြီ။

ကျိန်စာသင့် မင်္ဂလာဝတ်ရုံ (Completed )Kde žijí příběhy. Začni objevovat