သူ

252 40 2
                                    

" ဖွင့်သာပြောလိုက် "

Squad ထဲက ကလေးတစ်ယောက်ကို crush အား ဖွင့်ပြောဖို့ သူ့ဘက်က တိုက်တွန်းမိသည်။

" ပြန်ချစ်ရင်အမြတ် ပြန်မချစ်တော့လည်း မင်းသူ့ကိုချစ်နေမှန်း သူသိသွားတာပေါ့ "

ဒီစကားတွေကိုပြောသာပြောနေရသည်။ ထိုစဥ်က လေးငယ်သူ့အား ငြင်းလွှတ်လိုက်သောအချိန်။ တွဲကြရအောင်ဟု ပြောလိုက်ပြီးမှ ဟင့်အင်းဟု အငြင်းခံလိုက်ရချိန်။

" ပြောလိုက်ပါ အသည်းတုံးလေးရ ... ဘာမှမဖြစ်ဘူး သူလည်းမင်းကို ပြန်ချစ်နေမှာပါ "

သူသည် တခြားသူ၏ အချစ်ရေးတွေကို အားပေးအားမြှောက်ပြုတတ်သလို သူအားပေးလိုက်သည့်အတွဲက မဖြစ်မြောက်ဘူးဆိုသည်ကလည်းရှားပါးလှသည်လေ။ သူ့အတွက်ကလွဲရင်ပေါ့။

" ကျနော်နဲ့တွဲဖို့ ထပ်စဥ်းစားလို့မရဘူးလား "

" ဟုတ်ပြီလေ "

" တွဲမှာလား "

" အင်း "

" ဒါဆို ဒီနေ့က တစ်ရက်နေ့ပေါ့ "

ဒုတိယအကြိမ်မြောက် သူ၏ဝန်ခံမှုအဆုံးမှာ လေးငယ်က သဘောတူခဲ့သည်။

" ကလေးမပြောရင် ကျနော္ ကလေးကို ဖွင့်ပြောတော့မှာ "

" ဘာကိုလဲ "

" ကျနော် ကလေးကို ချစ်တယ်လို့ဖွင့်ပြောတော့မှာ "

" လေးငယ်က ကျနော့ကို ချစ်တယ်ပေါ့ "

" ချစ်တာပေါ့ဗျာ "

" ကျနော်လည်း လေးငယ်ကို ချစ်ပါတယ်ဗျာ "

The Fools manga လေးများ ဖတ်ဖူးကြလား။ သူသည်လည်း ထိုထဲကလို စိတ်အားငယ်ခဲ့သည်။ လေးငယ်က သူ့အား စိတ်ကစားပြီး ဖွင့်ပြောခဲ့တာဟု မှတ်ယူသွားကြမလား သူတွေးကြောက်ခဲ့ရဖူးသည်။

သူသည်ကား zero percent မှ စချစ်တတ်သူဖြစ်ပြီး သူချစ်မိသမျှလူတိုင်းက သူ၏အချစ် 100% ရောက်သွားလျှင် အလိုလို သူ့နားက ဝေးကွာသွားကြသည်ချည်းသာ။

" သူက ဘယ်သူလဲ "

" သူငယ်ချင်းပါ အဝေးရောက်နေလို့လေ .. အဲ့ဒါလာမှာမို့ ကျနော်သွားကြိုရမှာ "

" ​​ေဩာ် ဟုတ်ပါပြီဗျာ ကျန်းမာရေးဂရုစိုက်ဦး "

လေးငယ်က သူလိုမဟုတ်။ လေးငယ်သည် သူ့ကိုသူ Lesbian ဟု ပြောခဲ့သူမို့ သူ့မှာ အရာရာ ပူပန်ရသည်။ သူ့ဘက်က ပိတ်ပင်ရင် မွန်းကြပ်မည်စိုး၍ ဘာမှမတားမြစ်ခဲ့ပေမဲ့ မိန်းကလေးတစ်ယောက်နှင့် တွဲတွေ့လေတိုင်း သူ့မှာရင်ပူနေရသည်ချည်း။

" ကျနော် ရန်ကုန်လာမလို့ "

" ဟုတ် အခွင့်ရရင် တွေ့ကြတာပေါ့ "

မရခဲ့ပါ။ အခွင့်မရသည့်အပြင် လေးငယ်က ဖုန်းပျောက်သွားခဲ့သည်တဲ့။ ထိုနေ့က ဖုန်းခေါ်မရ၍ ပူလောင်ခဲ့ရသည်မှာ အင်တာဗျူးတစ်ဖက်နှင့် သူ။

ဒုတိယမ္ပိ ဖုန်းပျောက္မှုပြီးသည့်နောက္မှာတော့ သူလည်း ဖုန်းခေါ်မရတိုင်း ဖုန်းပျောက်နေပြီလားဟု တွေးတတ်လာပြီ။ ပစ္စည်းအထာအသိုမေ့လွန်း၍ ခဏခဏ ပစ္စည်းပျောက်တတ်သည်ဟုဆို၍ ဖုန်းမကိုင်လျင် အာ.. သူဖုန်းရှာမတွေ့ပြန်ဘူးထင်တယ် ဟု ဖြည့်တွေးဖြစ်လာသည်။

" ဖိနပ်ကလေး လှတယ် ဝယ်ပေးမလား "

သူဘာလို့ ဖိနပ်တောင်းမိပါလိမ့်။ သမီးရည်းစားချင်းဖိနပ်ဝယ်ပေးရင် ကွဲတတ်သည်ဟု သိသိရက်နှင့် ဝယ်ပေးခိုင်းမိသည်။ တကယ်မကွဲလောက်ဘူးဟု ယူဆ၍လည်းဖြစ်နိုင်သည်။

" ကျနော်ကြိုက်တယ် ချောင်ပေမဲ့ ကျနော်စီးပြီးရင် ဓာတ်ပုံလေးရိုက်ပို့ပေးမယ် "

ထိုစဥ္ကလည်း သူတို့အနေနဲ့ ဘာပြဿနာမှ မဖြစ်ခဲ့ကြ။ သူတို့ကြားမှာ ဘာအနှောင့်အယှက္မှမရှိခဲ့ပေ။

အပြန်အလှန် နားလည်ပေးပြီး ချစ်နေကြသည့် လူနှစ်ယောက်ကြားမှာ ပြဿနာတက်စရာ ဘာရှိမှာလဲလေ။

" အချစ် ကျနော့ဆီ ရာသီခွင် လက်ပက်လေး ထည့်ပေးလိုက်တာလား "

" ကျနော်မဟုတ်ရင် လေးငယ်မှာ ပေးစရာလူရှိသေးလို့လား "

" အဲ့လိုမဟုတ်ပါဘူး အချစ်ရာ ... ကျနော်ကြိုက်တယ်သိလား ... ညဆို မီးလည်းလင်းတယ် "

" လေးငယ်ကြိုက်ဖို့အဓိကပါပဲ "

စကားမပြောချင်လည်း နားလည်ပေးသည်။ တွေ့ခွင့်ရတဲ့အချိန် ပြောခွင့်ရတဲ့အချိန် ပြဿနာမရှာဖြစ်ပဲ ချစ်သည့်အကြောင်း လွမ်းသည့်အကြောင်းသာ ပြောဖြစ်နေသည့် ဒီနှစ်ယောက် ဝေးကွာသွားရသည့်အဖြစ်က ဘာများဖြစ်မလဲလေ။

ချစ်ရသူဖြစ်သည် (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ