မည် Zawgyi

51 9 2
                                    

" ကိုယ့်ကို သည်းခံနိုင်ရင် ကိုယ်နဲ့တွဲလေ "

အစကတည်းက ဒီစကားဟာ သူ့ကိုကြိုးကွင်းစွပ်မည်မှန်းသိခဲ့ရင် သူသည် လေးငယ်အား ဒုတိယအကြိမ်မြောက် ချစ်စကားပြောဖြစ်မည်မဟုတ်သလို လေးငယ်၏ချစ်စကားကို လက်ခံဖြစ်ခဲ့မည်မဟုတ်။

အလုပ်များလာသည်နှင့်အမျှ သူ့ဘက်က ဆက်သွယ်ဖို့ ပျက်ကွက်ခဲ့ရသည်။ သို့ပေသိ မကြာခဏဆိုသလို ပြန်ဆက်သွယ်ရင်း မဆက်သွယ်ခဲ့မှုများကို တောင်းပန်ဖြစ်ခဲ့၏။

ရာထူးတိုးသည်ဆိုကတည်းက လေးငယ်ကို ဖမ်းရသည်မှာ ငါးရှဥ့်ဖမ်းရသည်ထပ် ပိုခက်လာသည်။ ငါးရှဥ့်ကိုတောင် ပြာကိုင်ကာ ဖမ်းလျင်မိဉီးမည်။

လေးငယ်ကတော့ ဖုန်းဆက်ပြန်လျင်လည်း meeting ထဲရောက်နေလို့ဟု ပြောတတ်သည်။ သင်တန်းဟူ၍တစ်ဖုံ။ စကားခဏပြောမိလျင်ပင် အလုပ်ကိစ္စစကားပြောသံများကို ဖုန်းခွက်ထဲ ဝင်ဝင်လာတတ်သည်။

ကြာတော့ သူသည်လည်း အားနာလာသည်။ သူသည်လည်း အလုပ်များတတ်သူမို့ လေးငယ်အလုပ်များသည်ကို စာနာပါသည်။ ထိုအြတွက် တော်ရုံတန်ရုံမဆက်သွယ်ဖြစ်။

ပြန်မပို့သည့် SMS များကိုတော့ တစ်ရက်ခြား နှစ်ရက်ခြား သို့တည်းမဟုတ် နေ့စဥ္နီးပါး ပို့မိသည်။

အထူးအထွေတော့မဟုတ်။

" ချစ်တယ် လေးငယ် "

" ကျန်းမာရေးဂရုစိုက် "

" လွမ်းတယ်သိလား "

ထိုထိုသော စကားအတိုအစများ။

လေးငယ်ဘက်ကတော့ လုံးဝပြန်မလာခဲ့။ Online ပေါ်တွင်လည်းမတွေ့။ ဖုန်းဆက်ပြန်တော့ မကိုင်ရသည်နှင့် မအားရသည်နှင့် စက်ပိတ်ထားရသည်နှင့်။

လေးငယ်ပစ်ထား၍ သူစိတ်ကောက်ပါသည်ဟု သိသာစေရန် facebook account ကို block မိသည်ကိုတောင် လေးငယ်မသိလိုက်။

အကျိုးနည်း relationship.......

အသိကလေးများနှင့်အသိအစ်မများက သူ့ကိုလာလာမေးတတ်သည်။ သူငြိမ်နေတာကို သိနေလို့ဖြစ်သည်။

" မျိုချမနေနဲ့ ဝေ့ကောရဲ့ ... မကျေနပ်တာအကုန် ဖွင့်ပြောလိုက် "

" ကျနော် မျိုချဖို့ပဲ ကျွမ်းလို့ရယ် "

..................

" ကလေးကလေ အမြဲ ကိုယ်ခံစားရမဲ့အချစ်ရေးပဲ ရွေးတယ်နော် ... ကိုယ်ပျော်ဖို့လည်းရွေးပါဉီး "

" ချစ်တာကိုဗျာ "

..................

" အဲ့ဒါက ဟုတ်ကောဟုတ်သေးရဲ့လား စွေရဲ့ .. ဘယ်လောက်တောင်မအားဘူးဆိုဆို message တစ်စောင်တောင် မပို့နိုင်ဘူးတဲ့လား "

" 😅😅😅😅 "

...................

သူ၏ မြုံစိစိများကို မနေနိုင်သူများကတော့ သူ့အားသာ ပိတ်ရိုက်ချင်နေပါလိမ့်မည်။

ပွင့်ပွင့်လင်းလင်းပြောပြမည်။ သူတို့ဆက်ဆံရေးမှာ အဖုအထစ်မရှိလို။ သူတို့က အကြာကြီး ချစ်သွားကြဉီးမည့် ချစ်သူတွေ။

.................

" စိတ်အဆင်မပြေဘူး လို့တွေ့လိုက်တယ် Author... ဘာလဲ အလုပ်လား လူမှုရေးလား "

" နှစ်ခုလုံး "

အိပ်ချင်မူးတူး ဖြစ်နေသည့်သူ့စိတ်များကို ခဏဆန့်လိုက္မိသည်။ မောင်ဆိုသည့် reader လေးက facebook တွင်လာပြောတတ်သူမဟုတ်။ wp messager တွင်သာ လာပြောတတ်သူ။

" အချစ်ရေးအဆင်မပြေဘူးလား Author ... ဘာလဲ ရန်ဖြစ်ကြတာလား "

" ဟင့်အင်း မဖြစ်ကြပါဘူး .. ကျနော်တို့တစ်ခါမှ ရန်မဖြစ်ဖူးဘူး "

" ​​ဩော် .. ဒါနဲ့ လက်ရှိပြီးရင် အသစ်လေးလာမှာလား un ထားတာတွေဘက် ပြန်လှည့်မှာလားဗျ "

" အင်း... နောက်လ လေးငယ်မွေးနေ့ရှိတယ် .. အမှတ်တရ တစ်ပုဒ်လောက် ရေးပေးမလားလို့ ... "

" Author "

" ဟုတ်ကဲ့ "

" လေးငယ်ဆိုတဲ့လူကို သိပ်ချစ်တာပဲလား "

" ဖြစ်နိုင်ရင် သူက ကျနော့နောက်ဆုံးအချစ်လို့ မှတ်ယူထားပါတယ် "

" ဒါဆို မြန်မြန်အဆင်ပြန်ပြေပါစေဗျာ .. မစောတော့ဘူး အိပ်တော့ Author .. မောင်လည်း အိပ်တော့မယ် "

.................

ဖုန်းခေါ်သည်မှာ နှစ်ရက်တိတိ။ ထိုနှစ်ရက်လုံး ဖုန်းပိတ်ထားခဲ့သည်။

နေများမကောင်းလို့လား။ ဖုန်းများထပ်ပျောက်သွားပြန်ပြီလား။

စိတ်ပူရသည်။

အအေးမိထားလို့ ဖျားနေသည့်အပြင် အလုပ်က တာဝန်အသစ်ပေးမှုကြောင့် stress ပိနေရသည့်အထဲ လေးငယ်ကိုစိတ်ပူရသည်က တစ်လုပ်။

အိမ်ပြန်ရောက်တော့ ထမင်းမစားနိုင်။

ထိုညက squad group chat ထဲတွင် လေးငယ်ပေါ်လာခဲ့သည်။

" အားလုံးကို ပြောပြစရာရှိပါတယ် "

.............

ချစ်ရသူဖြစ်သည် (Completed)Donde viven las historias. Descúbrelo ahora