ရ Zawgyi

56 7 0
                                    

" ကျနော်တို့ တွဲရအောင် "

အပြန်အလှန် နှစ်သိမ့်နေသော conversation သည် လုံးဝ တိတ်ကျသွားလေသည်။ တစ်ဖက်သား၏ စကားပြန်ကိုစောင့်ရင်း သူချွေးပျံနေမိသည်။ ဘုရားရေ ... သူရင်တွေတုန်နေ၏။

" ဟင့်အင်း "

ငြင်းဆန်သူသည် လှလှပပလေး ငြင်းဆန်သွားလေ၏။ သူ့ဘက်ကို ခပ်ဖွဖွပြုံးပြကာ တစ်ချက်လေးလှည့်မကြည့်ပဲ ဟင့်အင်း ဟု ပြောထွက်ရက်သည်။

" ကျနော်တို့ တွဲရုံပဲလေ ဘာလို့ငြင်းတာလဲ "

" မဖြစ်ဘူး .. "

" ဘာလို့လဲ .. အချစ်မပါလည်း တွဲကြည့်ကြမယ်လေ ... ချစ်သူရှိနေလို့လား "

" မရှိပါဘူး "

သက်ပြင်းခပ်လေးလေးချကာ ငြင်းဆိုမှုနောက်ဝယ် ထပ်မပြောဖြစ်ခဲ့တော့။

အမြဲတမ်းနားလည်ပေးတတ်သူ။ သူ၏စိတ်ကို အမြဲနှစ်သိမ့်ပေးတတ်သူ။ ချစ်သူနှင့်လမ်းခွဲပြီးနောက် ပထမဆုံးတွယ်တာခဲ့ရသည်အထိ သူ့အပေါ် ကောင်းလွန်းခဲ့သည်။

အငြင်းခံရပြီးနောက်ပိုင်း ရှောင်နေပေမဲ့မတတ်နိုင်ခဲ့။ ထိုသူ၏အနားပြန်သွားမိသည်အထိ။

" အဆင်ပြေရဲ့လား Author... စာထဲမှာ ကြည်နူးမှုလေးတြွေပန်တွေ့လာလို့ Author စိတ်ကြည်နေပြီမှတ်တာ .. ဒီနေ့update က တစ်မျိုးကြီးပဲ ... မောင့်ကိုပြောပြကြည့်ပါလား ... "

မောင်ဆိုသည့် reader လေးတစ်ယောက်ဟာ သူ့ကိုအမြဲများ checking လိုက်နေသလားလေ။

" ဒီလိုပါပဲ ... ကျနော်သဘောကျရတဲ့လူက ကျနော့ကို ငြင်းလိုက်တယ် "

" ဟောဗျာ ... ဘယ်လိုဖြစ်လို့တုန်း "

ဖြစ်ကြောင်းရယ်ကုန်စင် အတိုချုံ့ပြောမိတော့ ...

" သူက Author စိတ်ကစားနေတယ်လို့ ထင်လို့နေမှာပါ .. စိတ်ရင်းကိုပြကြည့်လေ သူလက်ခံမှာပါ "

မောင်၏အားပေးစကားနှင့် ဒုတိယအကြိမ်မြောက် တွဲကြဖို့ပြောတော့ ထိုသူက လက်ခံပေးခဲ့သည်။

နာမည်လေးလုံးပိုင်ရှင်သည် သူ့အပေါ်အရမ်းကောင်းလွန်ခဲ့သည်။ နာမည်ထဲမှာ " မောင် "ပါလျက်နှင့် မောင်ဟု မခေါ်ဖြစ်ခဲ့။

ချစ်ရသူဖြစ်သည် (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ