(၃)

623 110 1
                                    

နောက်ထပ် ကျွန်တော့်ဒိုင်ယာရီ တစ်ဖြတ်ကတော့....။

ကိုကိုဆယ်တန်းအောင်တော့ ကိုကို့မေမေက ကိုကို့ကို ကျွန်တော်နဲ့ဝေးတဲ့ ထားဝယ်မြို့ကြီးမှာ ကျောင်းသွားတက်စေခဲ့တယ်။ ကျွန်တော် တစ်ယောက်တည်းကြိတ်ငိုခဲ့လိုက်ရတာ...။ ကိုကို့အတွက် ကောင်းမွန်တဲ့အရာတွေ ရလာမယ့်အရာကို ကျွန်တော်သည်းခံနိုင်ရမယ်လို့တွေးပြီး ဖြေသိမ့်ခဲ့တယ်။

ကျွန်တော်ဆယ်တန်းရောက်တဲ့နှစ်မှာပဲ ကျွန်တော့် မွေးစားအမေက ကျွန်တော့်ကို အိမ်ပေါ်က နှင်ချခဲ့တယ်။ ကျွန်တော်ဘာဆက်လုပ်ရမှန်းမသိခဲ့ဘူး။ ပထမဆုံး ကျွန်တော့်အတွေးထဲဝင်လာတာ ကိုကိုပဲ။ ကိုကိုဆီကို ကျွန်တော်ဘက်ကစပြီးပဲ ဆက်သွယ်ခဲ့တယ်။ ပထမဆုံးအကြိမ် ကိုကို့ဆီကို ကျွန်တော်ဘက်က ဆက်သွယ်ခဲ့ခြင်းပဲ။ ကိုကိုကထားဝယ်ကနေ ကျွန်တော့်ဆီကို ချက်ချင်းရောက်လာခဲ့တယ်။ ကျွန်တော့်ကို သူ့ရဲ့ပစ္စည်းတွေပေါင်နှံရောင်းချပေးပြီး အိမ်ငှားပေးထားခဲ့တယ်။ နောက် သူထားဝယ်ကိုပြန်သွားခဲ့တယ်။ ဟိုမှာ အလုပ်လုပ်ပြီး ကျွန်တော့်ကိုထောက်ပံ့ပေးတယ်။ ကျွန်တော် ကိုကို့ကို အားနာတယ်...ကိုကို့ကို ပြန်ပြီး ထောက်ပံ့ပေးချင်တယ်။

ဒီလိုနဲ့ ကျွန်တော်လမ်းမှားကို ရောက်သွားခဲ့တယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ စကားကြောင့် WY ပစ်ပေးရင် ပိုက်ဆံတွေအများကြီးရတယ်ပြောလို့ ကျွန်တော် အဲ့အလုပ်ကို လုပ်ခဲ့တယ်။ တစ်နေ့ကို ပိုက်ဆံ1000ထဲနဲ့ ညမနက် ထမင်းစားပြီး ကျန်တာကိုအကုန်စုပြီး ကိုကို့ကို ပြန်ပြီးထောက်ပံ့ပေးခဲ့တယ်။ ကိုကိုမေးတဲ့အခါတိုင်း ကျွန်တော်လိမ်ပီး ပြန်ဖြေခဲ့တယ် ။

တစ်န့တော့ ကျွန်တော် အဖမ်းခံရပါလေရော ။ ကိုကိုသိသွားတော့ ကျွန်တော့်ကို စိတ်အရမ်းဆိုးပြီးဆူတယ်။ ပစ္စည်းလက်ဝယ်တွေ့ရှိတာမဟုတ်တဲ့အပြင် ကျောင်းသားလည်း ဖြစ်နေခဲ့လို့ ကျွန်တော် ထောင်သုံးလပဲ ကျခဲ့ရတယ်။ ကျွန်တော် ထောင်ထဲရောက်နေတဲ့အတောအတွင်း ကိုကို လာမကြည့်ခဲ့ဘူး။ ကိုကို ကျွန်တော့်ကို စိတ်နာသွားခဲ့ပီထင်ခဲ့တာ။

Diary(ဒိုင်ယာရီတစ်ပုဒ်ရဲ့နှလုံးသား)Where stories live. Discover now