(၄)

639 111 5
                                    

ဒီဒိုင်ယာရီစာမျက်နှာလေးကတော့ ကျွန်တော့်ရဲ့ကျရှုံးခန်းစာမျက်နှာလို့ ပြောရလေမလား။
.
.
.
ကိုကိုက ကျွန်တော့်တို့နယ်မြို့လေးရဲ့ ဆောက်လုပ်ရေးဌာနမှာ ဦးစီးမှုးဖြစ်နေခဲ့ပြီ။ ကျွန်တော်ကရော...? ။ ကျွန်တော်က ဒီဆောက်လုပ်ရေးဌာနရဲ့ စာရေးတစ်ယောက်ပေါ့။ ကျွန်တော်အားမငယ်ပါဘူး....ကိုကိုနဲ့အနီးဆုံးမှာ ကျွန်တော်ရှိနေရသေးတာပဲလေ။ ကျွန်တော်အဝေးသင်တက်ပြီး ဘွဲ့တခု ရယူနိုင်ခဲ့တယ်။ ကျွန်တော်လည်းကိုကိုနဲ့တူတူ ဦးစီးမှုးရာထူးတခု ရအောင်ယူနိုင်ခဲ့တယ်။ ကျွန်တော်နဲ့ပတ်သက်လာရင် ကိုကို သိမ်ငယ်မှု မရှိရလေအောင် ကျွန်တော်ကြိုးစားခဲ့တယ် ။

ကိုကိုမေမေက ကျွန်တော်နဲ့ခင်မင်တာမကြိုက်ပေမယ့်လည်း ကိုကိုကတော့ ကျွန်တော်နဲ့တပူးတွဲတွဲရှိနေခဲ့တုန်းပဲ။ Facebook တွေ သုံးရင်း ကျွန်တော်နဲ့ကိုကို ရဲ့ဘဝထဲကို သိပ်ပြီး ချစ်ဖို့ကောင်းစရာ မိသားစုတစ်ခုလိုဖြစ်စေတဲ့ သူတွေနဲ့ ခင်မင်ခွင့်ရခဲ့တယ် ။ သူတို့လေးတွေကြောင့် ကိုကိုကလည်း ကျွန်တော့်ကို ချစ်နေတယ်ဆိုတာ သိခွင့်ရခဲ့တယ်။ အဲ့ညတုန်းက ကျွန်တော်အိပ်တောင်မပျော်နိုင်ခဲ့ဘူး။ အိမ်ပျော်သွားရင် အိမ်မက်ဖြစ်ပြီး နိုးထလာရမှာစိုးလို့လေ....။

ကိုကိုနဲ့ကျွန်တော် ကျွန်တော်ရဲ့ ကိုယ်ပိုင်အိမ်လေးထဲမှာ ပျော်ရွှင်ဖွယ်အတိပြီးတဲ့ ညလေးကို ဖြတ်သန်းကုန်လွန်ခဲ့တယ်။ ကိုကိုက နယ်မြေမကောင်းတဲ့ဘက်ကို တာဝန်ကျတော့ ကျွန်တော် ကိုကို့ကို ပိုလွမ်းရပြန်ရော။ သူချစ်နေတာကို သိနေပြီး ခွဲနေရတာက ပိုပြီး လွမ်းနာကျစေတယ်။ ကိုကို့ဆီကို လိုက်သွားချင်ပေမယ့် ကျွန်တော်က ကားမူးတဲ့ဒဏ်ကို မခံနိုင်လို့ ကျွန်တော့်ဆီ ကိုကိုရောက်မယ့်အချိန်ကိုပဲမျှော်နေမိတယ်။ ကိုကိုရောက်တဲ့နေရာက ဖုန်းလိုင်းမမိဘူး။ ကိုကိုက တစ်လတစ်ခါလောက်တော့ ကျွန်တော့်ဆီပြန်လာတယ်။

ကျွန်တော်တို့ ချစ်ခြင်းတရားတွေကို ခွဲမယ့် ကိစ္စတွေကပေါ်လာခဲ့ပြန်တယ် ။ ကိုကို့မေမေက ကျွန်တော့်ကိုခေါ်တွေ့တယ်။ ကိုကို့ကို မိန်းမပေးစားဖို့ ကျွန်တော့်ကို နားချပေးပါတဲ့။ ကိုကိုက ကျွန်တော့်စကားဆို အမြဲနားထောင်တာမို့ ကျွန်တော်က နားချပေးပါတဲ့လေ။

Diary(ဒိုင်ယာရီတစ်ပုဒ်ရဲ့နှလုံးသား)Where stories live. Discover now