(၅)

804 117 5
                                    

ဒီေနရာေလးမွာေတာ့ လူေတြက ကၽြန္ေတာ္ဘယ္သူဆိုတာ မသိနိုင္ဘူးေလ။ ကၽြန္ေတာ္ ကိုကိုနဲ႔အမွတ္တရေတြကို ေမ့သြားမွာအရမ္းစိုးရိမ္တယ္။ ကၽြန္ေတာ့္ကိုကၽြန္ေတာ္ေတာင္ မမွတ္မိမွာထက္ေပါ့....။

ကိုကိုေရ အခုဆို ကၽြန္ေတာ္ ဒီေနရာေလးကိုေရာက္တာ တစ္လရွိၿပီ။ ကၽြန္ေတာ့္ဆံပင္ေတြကၽြတ္ကုန္ၿပီကိုကို။ ကိုကိုျမတ္နိုးတဲ့ ဆံပင္အိအိေလးေတြမရွိေတာ့ဘူး။ ကတုံးေလးျဖစ္ေနပီ။ ကၽြန္ေတာ္ ေဆးေတြအမ်ားႀကီးေသာက္ရတယ္ကိုကို။ ေဆးေတြေသာက္ရလြန္းလို့ ကၽြန္ေတာ့္လည္ပင္းေတြနာတယ္။ ကၽြန္ေတာ့္လက္ေတြမွာလည္း အပ္ေတြအမ်ားႀကီးပဲ။

ကၽြန္ေတာ္ေၾကာက္တယ္ကိုကို။ ကိုကို့ကိုေျပာခ်င္တဲ့စကားေတြ ကၽြန္ေတာ္ထပ္ၿပီး မေရးနိုင္ေတာ့မွာစိုးတယ္။ ကၽြန္ေတာ့လက္ေတြက လႈပ္ရွားဖို့အရမ္းပင္ပန္းေနပီထင္တယ္။ အရင္လို သြက္သြက္လက္လက္ မရွိေတာ့ဘူး။ ကၽြန္ေတာ္အရမ္းပင္ပန္းေနပီကိုကို။ အျမဲကၽြန္ေတာ့္အတြက္ ေႏြးေထြးတဲ့ရင္ခြင္ျဖစ္ခဲ့ဖူးတဲ့ ကိုကို့ရင္ဘတ္ႀကီးကို လြမ္းတယ္ ။

ကၽြန္ေတာ္ ေနာက္ထပ္ခိုနားခြင့္မရွိေတာ့တဲ့ ရင္ခြင္တစ္စုံမွာ ကိုကို႔မိန္းမနဲ႔ကေလးေလးေတြက ခိုလွုံေနရေတာ့မွာ။ ေနာက္ဘဝေတြရွိခဲ့ရင္.....ကိုကိုနဲ႔ ကၽြန္ေတာ္ ေပါင္းဖက္ခြင့္ရခ်င္တယ္ကိုကို။ တကယ္လို့မ်ားေပါ့...... ကိုကို့ကို ထပ္ခ်စ္ခြင့္ရမယ္ဆို ကၽြန္ေတာ္ထပ္ခ်စ္ပါရေစ။ ကိုကို့ထက္ပိုၿပီး ခ်စ္တဲ့သူျဖစ္ခြင့္ရွိပါေစကိုကို။ ကၽြန္ေတာ္ အရမ္းေမာတယ္ကိုကို ေခါင္းေတြလည္း အရမ္းလည္းကိုက္တယ္။

ကၽြန္ေတာ္အရမ္းပင္ပန္းေနလို့ ခဏအိပ္မယ္ေနာ္ကိုကို။ ကိုကိုနဲ႔အိမ္မက္ထဲ ဆုံမယ္ေနာ္ ။ ကၽြန္ေတာ္ ခဏေလးအိပ္မယ္ကိုကို။ကၽြန္ေတာ္ျပန္နိုးခ်င္ေသးတယ္ကိုကို။ကၽြန္ေတာ္နိုးလာရင္ကိုကို့ကိုခ်စ္တယ္ေျပာဦးမယ္ေနာ္.....။

အကယ္၍မ်ား မႏိုးထလာျဖစ္ခဲ့ေတာ့ရင္ ကြၽန္ေတာ္ ကိုကိုနဲ႔ ဆံုႏိုင္မယ့္အခ်ိန္ကို ေစာင့္ေနပါဦးမယ္......။

"""ဒီလိုနဲ႔ ဒိုင္ယာရီေလးတစ္ပုဒ္ရဲ႕ ႏွလံုးသားေလးတစ္စံုဟာ အဆံုးသတ္ခဲ့ေလတယ္"""

**********#############************
Thank you for reading!

........................................................................
Unicode

ဒီနေရာလေးမှာတော့ လူတွေက ကျွန်တော်ဘယ်သူဆိုတာ မသိနိုင်ဘူးလေ။ ကျွန်တော် ကိုကိုနဲ့အမှတ်တရတွေကို မေ့သွားမှာအရမ်းစိုးရိမ်တယ်။ ကျွန်တော့်ကိုကျွန်တော်တောင် မမှတ်မိမှာထက်ပေါ့....။

ကိုကိုရေ အခုဆို ကျွန်တော် ဒီနေရာလေးကိုရောက်တာ တစ်လရှိပြီ။ ကျွန်တော့်ဆံပင်တွေကျွတ်ကုန်ပြီကိုကို။ ကိုကိုမြတ်နိုးတဲ့ ဆံပင်အိအိလေးတွေမရှိတော့ဘူး။ ကတုံးလေးဖြစ်နေပီ။ ကျွန်တော် ဆေးတွေအများကြီးသောက်ရတယ်ကိုကို။ ဆေးတွေသောက်ရလွန်းလို့ ကျွန်တော့်လည်ပင်းတွေနာတယ်။ ကျွန်တော့်လက်တွေမှာလည်း အပ်တွေအများကြီးပဲ။

ကျွန်တော်ကြောက်တယ်ကိုကို။ ကိုကို့ကိုပြောချင်တဲ့စကားတွေ ကျွန်တော်ထပ်ပြီး မရေးနိုင်တော့မှာစိုးတယ်။ ကျွန်တော့လက်တွေက လှုပ်ရှားဖို့အရမ်းပင်ပန်းနေပီထင်တယ်။ အရင်လို သွက်သွက်လက်လက် မရှိတော့ဘူး။ ကျွန်တော်အရမ်းပင်ပန်းနေပီကိုကို။ အမြဲကျွန်တော့်အတွက် နွေးထွေးတဲ့ရင်ခွင်ဖြစ်ခဲ့ဖူးတဲ့ ကိုကို့ရင်ဘတ်ကြီးကို လွမ်းတယ် ။

ကျွန်တော် နောက်ထပ်ခိုနားခွင့်မရှိတော့တဲ့ ရင်ခွင်တစ်စုံမှာ ကိုကို့မိန်းမနဲ့ကလေးလေးတွေက ခိုလှုံနေရတော့မှာ။ နောက်ဘဝတွေရှိခဲ့ရင်.....ကိုကိုနဲ့ ကျွန်တော် ပေါင်းဖက်ခွင့်ရချင်တယ်ကိုကို။ တကယ်လို့များပေါ့...... ကိုကို့ကို ထပ်ချစ်ခွင့်ရမယ်ဆို ကျွန်တော်ထပ်ချစ်ပါရစေ။ ကိုကို့ထက်ပိုပြီး ချစ်တဲ့သူဖြစ်ခွင့်ရှိပါစေကိုကို။ ကျွန်တော် အရမ်းမောတယ်ကိုကို ခေါင်းတွေလည်း အရမ်းလည်းကိုက်တယ်။

ကျွန်တော်အရမ်းပင်ပန်းနေလို့ ခဏအိပ်မယ်နော်ကိုကို။ ကိုကိုနဲ့အိမ်မက်ထဲ ဆုံမယ်နော် ။ ကျွန်တော် ခဏလေးအိပ်မယ်ကိုကို။ကျွန်တော်ပြန်နိုးချင်သေးတယ်ကိုကို။ကျွန်တော်နိုးလာရင်ကိုကို့ကိုချစ်တယ်ပြောဦးမယ်နော်.....။

အကယ်၍များ မနိုးထလာဖြစ်ခဲ့တော့ရင် ကျွန်တော် ကိုကိုနဲ့ ဆုံနိုင်မယ့်အချိန်ကို စောင့်နေပါဦးမယ်......။

"""ဒီလိုနဲ့ ဒိုင်ယာရီလေးတစ်ပုဒ်ရဲ့ နှလုံးသားလေးတစ်စုံဟာ အဆုံးသတ်ခဲ့လေတယ်"""

**********#############************
Thank you for reading!

Diary(ဒိုင္ယာရီတစ္ပုဒ္ရဲ႕ႏွလံုးသား)Where stories live. Discover now