အခန်း ၃ (Chapter 3)

423 38 6
                                    

(Unicode Version)

"ဒေါက်...ဒေါက်...ဒေါက်"

ရိမင်ရှင်းကို ဒီဇာတ်လမ်းထဲမပါစေချင်တဲ့ သူ့ဆန္ဒတွေက အပင်ပန်းတောင်မခံလိုက်ရဘဲ ပြည့်၀သွားရတာမို့ သူဌေးနန် ပျော်မဆုံးနိုင်ဖြစ်နေသည်။ သို့ပေမယ့် သူ့ရဲ့ပျော်‌ရွှင်မှုတွေက တံခါးခေါက်သံမကြားရခင်အထိသာ ကြာရှည်ခံခဲ့လေသည်။

"မစ်...မစ္စဆောင်း...ဘယ်လိုလုပ် ရိမင်ရှင်းက ပါလာတာလဲဟင်!?"

သူ့အမေးကို ဆောင်းချယ်ရီက ထုံးစံအတိုင်းအေးစက်စက်ပြန်ဖြေလိုက်သည်။

"ဘာဖြစ်ရမှာလဲ!? သူ့ကို ရအောင်ခေါ်လာခဲ့တာလေ။"

ဒီစကားက သူဌေးနန်အတွက် နွေလယ်ခေါင်မှာ မိုးကြိုးပစ်ချလိုက်သလိုပင်။ရိမင်ရှင်းလိုလူကို ဆောင်းချယ်ရီ ရအောင်ခေါ်လာနိုင်လိမ့်မယ်လို့ သူ လုံး၀ထင်မထားခဲ့ပါ။ ဘယ်တတ်နိုင်ပါ့မလဲလေ။ ကိုယ့်ဇာတ်ကိုနိုင်အောင် ဆက်ကရုံပဲရှိတော့တာပေါ့။

"ဪ...ဟုတ်ကဲ့...ဟုတ်ကဲ့။ ဒါဆို ကျွ‌န်တော် စာချုပ်စာတမ်းတွေ သွားယူလာခဲ့ပါ့မယ်။"

သူဌေးနန်က စာချုပ်‌ကိုအမြန်ယူလာပြီး ဆောင်းချယ်ရီဆီ ပေးလိုက်ပေမယ့် သူမ,က မဖတ်ကြည့်သေးဘဲ ရိမင်ရှင်းဘက်ကို အကြည့်လွှဲလိုက်‌လေသည်။

"ရှင့်ဘက်က ဘာတွေတောင်းဆိုချင်တယ်ဆိုတာ သူဌေးနန်ကို ပြောပြလိုက်လေ။"

ရိမင်ရှင်းက သူမ,ကို တအံ့တဩနဲ့လှမ်းကြည့်လိုက်သည်။

"ကိုယ် ဒီအလုပ်ကိုလက်ခံပါ့မယ်လို့ မင်းကို ‌မပြောခဲ့ဖူးဘူးထင်တယ်။"

သူ့စကားကြောင့် ဆောင်းချယ်ရီ မျက်မှောင်ကြုံ့သွားလေသည်။

"ဒါဆို ရှင်က ဒီအထိဘာလိုက်လုပ်တာလဲ!? အိမ်ထဲမှာနေရတာပျင်းလို့ ကားလိုက်စီးတာလား!?"

ဒီမိန်းကလေးက လူတစ်ဖက်သားကို မခံချင်အောင်ပြောတဲ့နေရာမှာ အ‌တော်ထူးချွန်မှန်း သူ လက်ခံလိုက်ရတော့သည်။

"ကိုယ် ဘာမှပြန်မပြောရသေးခင် မင်းဘက်က ဖုန်းအရင်ချသွားတာလေ။ အောက်မှာစောင့်နေတယ်ဆိုလို့ လူမှုရေးအရ ဆင်းတွေ့တာကို ဘာမပြော ညာမပြောနဲ့ ဒီအထိခေါ်လာခဲ့တာမလား!?"

ကြယ်ကလေးရဲ့ ကောင်းကင်                                        (The Sky of a Star)Место, где живут истории. Откройте их для себя