အခန်း ၅ (Chapter 5)

273 30 7
                                    

(Unicode Version)

ရိုက်ကူးရေးပထမရက်

"မစ္စဆောင်း...ကျွန်တော်တို့ကန်တော့ပွဲအခမ်းအနားတောင် လုပ်ပြီးသွားပြီ။ အခု ရိုက်ကူးရေးစတော့မှာမို့လို့ သရုပ်ဆောင်တွေကို မိတ်ကပ်ပြင်ခိုင်းထားတယ်။"

"ဒီနေ့က အခန်း(၁၂)ကို စ,ရိုက်မှာမလား!?"

"ဟုတ်ပါတယ်။ မင်းသား ရေကန်ထဲပြုတ်ကျတဲ့အခန်းလေ။"

"ရေကန်က ဘယ်မှာလဲ!?"

"ဟိုဘက်မှာပါ...ကျွန်တော် လိုက်ပြပါ့မယ်။"

သူဌေးနန်က သူမ,ကို ရေကန်ရှိရာဆီ လိုက်ပြပေးလေသည်။ ဆောင်းချယ်ရီက ရေကန်ထဲက ရေကို လက်နဲ့စမ်းကြည့်လိုက်သည်။

"ရေရဲ့အအေးဓာတ်က အနေတော်ပါပဲ။ အဆင်ပြေတယ်။"

ဆောင်းချယ်ရီဆီက ထူးထူးခြားခြားချီးကျူးသံကို ကြားလိုက်ရတာမို့ သူဌေးနန် အပျော်ကြီးပျော်သွားတော့သည်။

"ဆောင်း,မ၀င်ခင် ရေကန်ထဲပြုတ်ကျတဲ့အခန်းကို ရိုက်ဖို့ အကြံပေးခဲ့တဲ့ မစ္စဆောင်းကမှ တကယ့်ကိုအမျှော်အမြင်ရှိတာပါဗျာ။"

ဆောင်းချယ်ရီက သူဌေးနန်ရဲ့မြှောက်ပင့်စကားတွေကို မကြားချင်ယောင်ဆောင်ထားလိုက်သည်။

"သရုပ်ဆောင်တွေ မိတ်ကပ်ပြင်နေတဲ့ဆီ သွားကြည့်ကြရအောင်။"

"ဟုတ်ကဲ့...ဟုတ်ကဲ့။"

သူဌေးနန်က မျောက်အုန်းသီးရသွားသလိုပုံစံနဲ့ ပျော်ပါးစွာ လိုက်ပြလေသည်။ သရုပ်ဆောင်မင်းသမီးတွေရဲ့အခန်းကို၀င်ပြီး မိတ်ကပ်အပြင်အဆင်ကို သူမ သေချာလိုက်စစ်ဆေးကြည့်မိသည်။  ထို့နောက် သရုပ်ဆောင်မင်းသားများရဲ့အခန်းကို ၀င်စစ်ဆေးရလေသည်။ မိတ်ကပ်အပြင်အဆင်တွေက သူ့ဟာနဲ့သူ အဆင်ပြေနေတာမို့ သူမ များများစားစားပြောစရာမလိုလိုက်ပေ။ နောက်ဆုံးအလှည့်ကျသူကတော့ ရိမင်ရှင်း ဖြစ်သည်။

"အဲဒါ ဘာလုပ်မလို့လဲ!?"

သူမ,ရဲ့အသံကြောင့် မိတ်ကပ်ပြင်ဆရာမလန့်ပြီး တစ်ကိုယ်လုံးတုန်သွားလေသည်။

ကြယ်ကလေးရဲ့ ကောင်းကင်                                        (The Sky of a Star)Nơi câu chuyện tồn tại. Hãy khám phá bây giờ