Part -31 (Uni+Zawgyi)

5.5K 327 20
                                    

Unicode Ver

"ကိုလျှမ်းထက်.... ဘာပြောစရာရှိလို့ လဲ..

ကျွန်မ အစည်းဝေးတွက် ပြင်ဆင်ရအုံးမယ်

ခနနေ...စတော့မှာ....."

ကျွန်တော့်ရှေ့က ပုပုသေးသေးနှင့် စွာတေးလန် ကောင်မလေးကို ကျွန်တော်ချစ်ခဲ့တာ ကြာလေပြီ။ရင်တွင်းခံစားချက် များကို ဖွင့်ဟချင်သည်မှာ ကြာပြီဖစ်သော်လည်း
'ကျော့မှူးမြတ်' ဆိုသော ကောင်မလေး၏ ငြင်းပယ်မှုကို ခံရမည်မှာ ကြောက်သည်က တပိုင်း ပြောမယ့်ကြံလိုက်တိုင်း ထိုကောင်မလေးက မျက်စိရှေ့ကနေ ပျောက်ပျောက်သွားနေကျဖစ်သည်။

ဆုံးဖြတ်ချက်ချကာ 'မှူး' ရှေ့က ပိတ်ရပ်ကာ ချစ်စကားကြိုက်စကားများကို ဖွင့်ဟရန် ရည်ရွယ်လိုက်သော်လည်း ဘယ်ကနေ ဘယ်လိုပင် စရမည်မှန်းတောင် မသိ။ အားတင်းကာ ကြိုတင် စီစဉ်ခဲ့သော စကား အစဉ်တို့က ခုတော့ နှုတ်က နေ ထွက်မလာ
ခဲ့ချေ။

"အဲ....ဘာ...ဘာမှမဟုတ်တော့ဘူး....နောက်

.....နောက်မှ ပြောတော့မယ်....မှူး လဲ လုပ်စရာ

ရှိတာဆက်လုပ်လေ....ကျွန်တော်လဲ သွား

သွားတော့.....မယ်...."

ပြောလဲ ပြော ထိုမိန်းကလေးရှေ့ကနေ လှည့်ထွက်လာခဲ့သည်။ဟုတ်သည်လေ ရင်ကနေပေါက်ဖွား ဖစ်ပေါ်လာတဲ့ ချစ်စကား ကြိုက်စကား တွေကို  အစည်းဝေးခန်း သွားတဲ့ လမ်းလယ်ခေါင်မှာ ကားယားကြီး ချစ်ရတဲ့ မိန်းကလေး ရှေ့မှာ ဒီလို ပုံနှင့် ဘယ်သူမှ ပြောလိမ့်မည်တော့မထင်။

================================

သာယာတဲ့ မနက်ခင်းလေးကို ချစ်ရသူ ၏ရင်ခွင် ထဲမှာ နိုးထရသည်မှာလဲ
ကျွန်တော့် ဘဝတွင် ကံအကောင်းဆုံး ဟု မှတ်ယူနေရသည်။


အရင်တုန်းက 'မာန့်' မျက်နှာကို  ခုလို အနီးကပ် တို့ထိကြည့်ဖူးသော်လည်း ခုလို ပျော်ရွှင်စရာ အချိန်မျိုးတော့ မဟုတ်ခဲ့။
'မာန်' ကျွန်တော့်ကို စိတ်နာနေခဲ့သော အချိန်ပင်။

ထိုအခြေအနေတို့က ကျွန်တော့်ဘဝတွက် တကယ် ခက်ခဲခဲ့သော အချိန်ကာလ တစ်ခုပင်။ ကျွန်တော့်ကို အသားနာအောင် နှိပ်စက်လိုက်ရင်တောင် ကျေနပ်ရအုံးမည်။ အဲ့လိုမဟုတ်ခဲ့ပဲ ကျွန်တော်ချစ်ရသော 'မာန်' က လုံးဝကို လျစ်လျူရှုကာ ထားခဲ့သည်လေ။



သူစေရာမှာနေ (Completed)Where stories live. Discover now