Zawgyi Ver
လေယာဉ်ပေါ်ကခြေချပီးနောက် လာကြိုသူက အသင့်ပင်။ ကိုခန့်စီစဉ်ပေးထားပုံရသည်။ ထိုလူကကျွန်တော့်ထက် သုံးလေးနှစ်လောက်အသက်ကြီးမည့်ပုံပင်။
"တွေ့ရတာ ဝမ်းသာပါတယ်CEO...
ကျွန်တော့်က CEOရဲ့ PAလုပ်ရမယ့်သူလို့ "CEOခန့်"က ညွှန်ကြားထားပါတယ် " ဟုထိုလူက
မိတ်ဆက်နေပြန်သည်။"ကောင်းပီလေ....ငါ့ကိုCEO မခေါ်ပဲ
Boss လို့ပဲခေါ်"ဟုချေပလိုက်သည်။ ကိုယ့်ထက်အသက်ကြီးရိုးမှန်သော်လဲ သူဌေးကသူဌေး PA ကPA ရာထူးကရာထူးပင် ယဉ်ကျေးမနေနိုင်ပါ။
"ဒါနဲ့ မင်း နာမည်က ဘယ်လိုတဲ့လဲ
PAရေလို့ခေါ်လို့မရတာ သိတယ်မလား"ဟု နာမည်မေးမိသည်။ ခုထဲကစည်းကမ်းအချို့ကိုသင်ကြားပေးရ
မည်။ ကိုယ်တိုင်ခေါ်တာမဟုတ်ပဲကိုခန့်ခေါ်ပေး
သောသူဖြစ်၍ထိုလူအကြောင်းကိုမသိပေ။
ကျေးဇူးရှင်အကိုကလဲတစ်လုံးတစ်ပါဒ မျှ မပြောလိုက်။"ဟုတ်ကဲ့ Boss ကျွန်တော့်နာမည်က
လျှမ်းထက်ပိုင်ပါ ကျွန်တော်နေတဲ့နေရာက......."
"တော်ပီ.... ငါမေးတာ မင်းနာမည်ပဲ မေးခွန်းတခုတွက် အဖြေတခုပဲ ဖြေ အပိုတွေအလိုတွေ ငါ မကြိုက်ဘူး အိမ်ကိုပဲ မောင်း "ဟုပိတ်ဟောက်ပေးလိုက်သည်။ ကိုယ်မေးတဲ့ မေးခွန်းထက်ပိုဖြေပီးစကားကြောရှည်နေလျှင် ကိုခန့် ကလွဲ၍ကျန်တဲ့လူများဆိုသည်းမခံနိုင်။
PA POV
လျှမ်းထက် စိတ်ထဲတွင်ကားမောင်းရင်းတွေးနေမိ
သည်ကား.......
ခုBoss ကြည့်ရတာ ချောခြင်းခန့်ခြင်းထက်ပိုနေသည်။ ကိုယ့်ထက်ငယ်မည်ထင်သည်။ ရုပ်ရည်၏ချောမောခြင်း ခက်ထန်ခြင်းများက "မာန်ဝင့်ထည်"
ဟူသော သူ့နာမည်နှင့်အလွန်သင့်တင့်ပြည့်စုံနေ
သည်ပင်။အသားကအရမ်းအဖြူကြီးမဟုတ် အညိုရောင်ဘက်နဲနဲသွားသည်။ မျက်လုံးများကအရည်ရွှန်းလဲ့နေပီးစူးရှ
ထက်မြက်လွန်းသည်။ ဆံပင် styleကအစ Gentleman styleအပေါ်လှန်တင်ဖြီးထားကာ သပ်သပ်ရပ်ရပ်နှင့် အသက် 23နှစ်ဟု မည်သူမျှမထင်နိုင်အောင် လူကြီးဆန်၍တည်တန့်လွန်းသည်သာ။
CITEȘTI
သူစေရာမှာနေ (Completed)
Dragosteငါ့ဘဝရဲ့တန်ဖိုးအထားဆုံးအရာကိုဖျက်စီးခဲ့တဲ့တွက် မင်းနဲ့တန်တာကို ငါပြန်ပေးမှာ မင်းစောင့်နေ "မာန်ဝင့်ထည်" ကျွန်တော့အပြစ်မဟုတ်ပေမယ့် ကျွန်တော်နာကျင်မှခင်ဗျားပျော်မယ်ဆို ခင်ဗျားလိုချင်တာပေးဖို့ ဝန်မလေးဘူး "လွှမ်းဝေယံထက်" ကလေးရေ.....ကိုယ်ကတော့ မင်းမချစ်လဲ...