Part- 25 (Zawgyi+Uni)

5.2K 352 20
                                    

Zawgyi Ver

ဒီနေ့တော့ ကိုကိုအခန်းလေး ထဲထိုင်ရင်း ကိုကို့ ကို လွမ်းနေခြင်းအား ဖြေဖျောက်နေရသည်။ဒီအခန်းလေးက ကျွန်တော် ချစ်သော အကိုရဲ့ အငွေ့အသက်များ ကျန်ရှိရာ နောက်ဆုံး နေရာလေး ဖြစ်သည်။ထို့ကြောင့် ကိုကို့ ကိုလွမ်းတိုင်း ဒီအခန်းလေးက ကိုကိုအိပ်ရာပေါ်တွင်သာ အချိန်ကုန်ဆုံး လျက် ရှိသည်။

"နောက်ဆုံးတော့....ဟိုကောင်လေးကို ကိုကို့ဆီ ခေါ်လာပေးနိုင်တော့မယ်...သူ ဒီအိမ်ကို ရောက်လာတော့မှာ ကိုကို....ပီးရင် ကိုကို ခံစားခဲ့ရတာတွေကို တခုချင်းစီ ကျွန်တော်က သူ့ကို နာကျင်အောင်လုပ်ပီး ပြန်ယူပေးမှာ....ကိုကိုစောင့်ကြည့်နေပေး
နော်.....ကိုကို ကျေနပ်မှာပါ....."

ထိုစကားများကို ဒီအခန်းထဲတွင် တယောက်ထဲဖွင့်ဟပြောနေမိသည်။ ကိုယ့်အကို နာကျင်ခဲ့သလို ထိုကောင်လေးကို နာကျင်အောင်လုပ်ဖို့ အခွင့်အရေး က လက်တကမ်းအလိုမို့ ကျေနပ်နေမိသော်လည်း ဘာအကြောင်းကြောင့်ရယ် မသိ ရင်ထဲကတော့ နာကျင်နေသည်ပင်။

"မင်း ဒီမှာပဲ အချိန် ကုန်နေပြန်ပီလား...မာန်ထည်"

'မာန်ထည်' နှင့် မတွေ့တာကြာ၍ သူ့အိမ်သို့ရောက်လာခြင်းပင်။ အိမ်ဖော် 'ဒေါ်နန်း' ပြောပြမှုကြောင့် 'မာန်ထည်' တစ်ယောက် 'ကိုခန့်' အခန်းထဲ ရှိသည် ဆို၍ အပေါ်ထပ်သို့ တက်လာခဲ့သည်။

တံခါးခေါက်သော်လည်း အခန်းထဲက ပြန်မထူးသဖြင့် ဖွင့်ကြည့်လိုက်တော့ ဆေးလိပ်ကို ကိုင်ကာ 'ကိုခန့်' ကုတင်ပေါ်တွင် ခြေချိတ်ထိုင်ပီး ပြတင်းပေါက် အပြင်ဘက်ကိုသာ အာရုံရောက်နေသော သူငယ်ချင်းဖြစ်သူ ကိုတွေ့လိုက်ရသည်။

"အင်း.....ဘယ်ကလှည့်လာတာလဲ မင်းက..."

"ဘယ်ကမှမလာဘူး....မင်းဆီ တန်းတန်းမတ်မတ် လာတာ...."

"ငါ့ကို လွမ်းနေလို့လား....."

"ပေါက်ကရတွေလာမပြောနဲ့....ဆေးလိပ်
တွေလဲ လျှော့သောက်အုံး...."

ပြောလိုက် ကာမှ ဆေးလိပ်ကို ဖွာလိုက်သော သကောင့်သားအား ထိပ်သာခေါက်ချင်တော့သည်။

ကျွန်တော်ပြောသမျှကို ခွန်းတုံ့ပြန်ကာ ပြောနေသော်လဲ 'မာန်ထည်' မျက်နှာက တည်ငြိမ်သလို ဝမ်းနည်းပုံလဲ ပေါက်နေသေးသည်။ အရယ်အပြုံးဆိုတာလဲ မရှိချေ။

သူစေရာမှာနေ (Completed)Donde viven las historias. Descúbrelo ahora