(Zawgyi)
"ဟန်ယော..." လို့ ခေါ်လိုက်ချိန် လည်ပြန်ကြည့်လာသူရဲ့ မျက်ဝန်းထဲက မျှော်လင့်ချက်တွေပြည့်နေတဲ့အကြည့်နဲ့တင် ရင်နာဖို့ကောင်းနေပါပြီ...
ထိုမျှော်လင့်ချက်တွေပြည့်နေတဲ့ မျက်ဝန်းလေးထဲက အဆက်မပျက်စီးဆင်းနေတဲ့ မျက်ရည်တွေဟာလဲ ကိုယ့်ကြောင့် ကျတဲ့မျက်ရည်မဟုတ်တော့ ကာယကံရှင်ကိုသာ ခေါ်ပြီးပြလိုက်ချင်သည်...
မင်းကြောင့် သူငိုနေတာ ၁၀နှစ်ရှိပြီလို့ အော်ပြောရင်းနဲ့ပေါ့...
တစ်ချက်လေးသာ လှည့်ကြည့်လာပြီး ကမ်းနားဘက်ကို မျက်နှာပြန်မူသွားသူရဲ့ဘေးမှာ ထိုင်ချရင်း ဟိုးဘက်ကမ်းက တောင်တန်းလေးတွေကို အတူလိုက်ငေးမောကြည့်မိသည်...
"ကိုယ် ဆေးရုံရောက်ခဲ့သေးတယ်. မင်း ပြန်သွားပြီပြောလို့ ဆေးခန်းကိုတောင်ဝင်ကြည့်ဖြစ်ခဲ့တယ်..."
ငေးမောရင်း စကားစလိုက်သည့်တိုင် တုန့်ပြန်မှုတစ်စုံတစ်ရာတောင်ပြန်မပေးတဲ့သူရဲ့ အနားမှာ ဒီလိုလေး အဖော်ပြုဖြစ်ခဲ့တာလဲ ၁၀နှစ်ရှိပြီပေါ့...
"ဘာလို့ သွားမတွေ့ခဲ့တာလဲ... ၈နှစ်လုံး သွားတွေ့ဖို့ အခွင့်ရေးရှိခဲ့တယ်မဟုတ်လား..."
မေးလာသူကို ဟန်ယော ပြန်မပြောနိုင်ဘဲ အဝေးတစ်နေရာက ကောင်းကင်ကြီးကိုသာ ငေးကြည့်နေမိသည်... တောင်တန်းကြီးတွေကိုတော့ မကြည့်ချင်ပါ သူပြန်လာမှ တူတူကြည့်ကြမယ်လေ...
အဖြေပြန်မလာတဲ့သူဆီက စကားသံလေးကိုမမျှော်လင့်သည့်တိုင် မေးခွန်းတွေကို ဆက်မေးနေဖြစ်သည်...
"ခုတော့ နောက်ထပ်၂နှစ်တောင်ထပ်တိုးသွားပြီမဟုတ်လား. သူ မင်းဆီကို ပြန်မလာတော့ဘူး..."
"ပြန်လာမှာပါ..."
ဆွေးမြေ့နေသောလေသံလေးဖြင့် တုန်ယင်စွာပြောလာတဲ့သူကို စောင်းငဲ့ကြည့်လိုက်ချိန် ဟိုးဘက်ကမ်းကတစ်နေရာကို ငေးနေသည့်သူမှာ ပါးပြင်ပေါ်ကမျက်ရည်တွေနဲ့အတူ ပိတောက်ပင်ကြီးကိုမော့ကြည့်ရင်း ပြုံးနေပြန်သည်ကို တွေ့လိုက်ရသည်...
YOU ARE READING
ချိတ်ပိတ်နှလုံးသား / ချိတ်ပိတ်နှလုံးသား [COMPLETE]
Romance#mini story #BL #24.July.2020 (Zawgyi) မင်းပြောတဲ့ သူငယ်ချင်းဆိုတဲ့ စကားတစ်ခွန်းက ငါတို့နှလုံးသားထဲကအချစ်တွေကို ချိတ်ပိတ်ထားတာဘဲ... ဒီနေ့ရော ငါက မင်းရဲ့ သူငယ်ချင်းဘဲလား... ငါတို့တွေ တစ်ယောက်ခံစားချက်ကိုတစ်ယောက် ဖွင့်ဟနေကြပေမယ့် နှလုံးသားချင်းကတော့ န...