PART(5)

80 3 0
                                    

(Zawgyi)

ပိတောင်ပင်ကြီးကိုမော့ကြည့်ရင်တောင် ပိတောက်ပန်းတွေကို ရှင်းရှင်းလင်းမမြင်နိုင်တော့လောက်အောင် အမှောင်ထုကြီးဖုံးကွယ်သွားသည်တိုင် ဟန်ယော ဒီနေရာကို မစွန့်ခွာနိုင်သေး...

ဒီနေရာလေးမှာ ငါတို့ရဲ့ပျော်စရာမှတ်ဉာဏ်အများကြီးမရှိပေမဲ့ ဘယ်လောက်ထိစိတ်ဆိုးနေကြပါစေ ဒီနေရာလေးမှာတော့ တစ်ယောက်ကိုတစ်ယောက်မပေါက်ကွဲဘဲ တိတ်တဆိတ်ထိုင်ပြီး ဟိုးဘက်ကမ်းက တောင်တန်းကြီးတွေကိုသာ ငေးကြည့်ခဲ့တယ်နော်...

နေဝင်ချိန်ထိ မင်းဆီကတောင်းပန်တယ်ဆိုတာ မကြားမချင်းမထခဲ့တဲ့ ငါက အရမ်းကလေးဆန်ခဲ့သလား...

"တကယ်လို့သူပြန်လာခဲ့ရင် မင်း သူ့ကိုစောင့်နေတဲ့အကြောင်းပြောပြမှာလား..."

"ဟင့်အင်း..."

ခေါင်းခါပြခြင်းမရှိဘဲ ဟင့်အင်း တစ်လုံးတည်းသာ ပြောလာတဲ့သူဆီမှာ ဘယ်လိုအတွေးတွေများရှိနေမလဲ...

ဖွင့်ပြောဖို့တောင် အခွင့်မသာခဲ့တဲ့ငါဟာ မင်းကိုစောင့်နေတဲ့အကြောင်း လွမ်းတဲ့အကြောင်းတွေကို ဖက်ပြီးပြောချင်ပေမယ့်လည်း မင်းဆီက သူငယ်ချင်းဆိုတဲ့စည်း ခြားထားနေဦးမယ်ဆိုရင် ငါတို့ရဲ့ နှလုံးသားတွေက အဆိပ်သင့်နေဦးမှာဘဲ...

မင်းတွဲခဲ့တဲ့ ကောင်လေးတွေနေရာမှာသာ ငါဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးက ငါ့ကိုဘယ်လောက်ထိနှိပ်စက်ထားမယ်ထင်လဲ... သူတို့က ငါ့ကို မင်းရဲ့အရင်းနှီးဆုံးလူအဖြစ် သတ်မှတ်ထားပေမယ့် မင်းကတော့ ငါ့ကို သူငယ်ချင်းဆိုတဲ့နေရာမှာသာ ရပ်နေစေခဲ့တာ...

မင်း မိတ်ဆက်ပေးနေကြ ဒါကကိုယ့်ရဲ့အချစ်ဆုံးသူငယ်ချင်း ဟန်ယောလေ ဆိုတာကို ငါတို့ထပ်တွေ့ဖြစ်ရင် မကြားပါရစေနဲ့တော့ကွာ...

ငါက မင်းရဲ့အချစ်ဆုံးဘဲဖြစ်ချင်တာ သူငယ်ချင်းမဖြစ်ချင်ဘူး...

*************************

စက်ဘီးကို ခြံရှေ့မှာပစ်ချပြီး ရေနံဆီသုတ်ထားတဲ့ နှစ်ထပ်အိမ်လေးရဲ့ လှေကားတွေပေါ်အပြေးလေးတက်ကာ တစ်ယောက်သောသူကို ရှာနေမိသည်...

ချိတ်ပိတ်နှလုံးသား / ချိတ်ပိတ်နှလုံးသား [COMPLETE]Where stories live. Discover now