PART(11)FINAL

362 7 2
                                    

(Zawgyi)

သူ တိတ်ဆိတ်နေတာ တစ်ပတ်ပြည့်တော့မယ်... ထိုက်ရင့် တောင်းပန်မှသူ့ဆီက စကားသံလေးကိုကြားမယ်ဆိုရင်တောင် ဘာအတွက်ကြောင့်တောင်းပန်ရမလဲဆိုတာ အဖြေရှာမရသေးပါ...

"ဒီတိုင်းဘဲဆက်ထိုင်နေတော့မှာလား..."

၂နှစ်တိတိ ထိုသူကိုတမ်းတနေတဲ့နေရာလေးကိုတောင် အပိုင်သိမ်းထားပြန်သည်လေ...

"ဘာလို့လဲ..."

မေးလာသည်ကို ထိုက်ရင့် အဖြေပြန်မပေးနိုင်ပါ... ဒါပေမယ့် မြင်နေရသည် အရာရာကိုလက်လျှော့ချင်နေတဲ့ သူ့ရဲ့ပုံစံလေးကို ဒုတိအကြိမ်မြင်နေရသည်...

"သူငယ်ချင်းလားလို့မေးလာတဲ့အချိန်မှာ ဘာလို့ ခေါင်းညိတ်ပြခဲ့တာလဲ..."

ထိုက်ရင့်ရဲ့ ချစ်ရသူလေးကို တိတ်ဆိတ်သွားတဲ့အကြောင်းရင်းက ဒါများလား... သိချင်စိတ်ပြင်းပြနေတဲ့ ကောင်လေးရဲ့ ရင်ထဲမှာတော့ အရာရာပြောင်းဆန်နေမှာအသေအချာပါဘဲ...

"ငါတို့က သူငယ်ချင်းမဟုတ်လို့လား..."

သူ့ဆီက ပြန်ဖြေလာမှာလေးကို သိချင်စိတ်ဖြင့် အမေးလေးတစ်ခုကိုမေးဖြစ်လိုက်သည်...

"သူငယ်ချင်. သူငယ်ချင်း... ဒီသူငယ်ချင်းဆိုတာကို ဆက်မပြောပါနဲ့တော့ တော်ပါတော့... အဲ့တာက ငါ့ရင်ထဲမှာသေရာပါတော့မှာကွ..."

ရင်ဘက်ကိုထုရိုက်ရင်းပြောလာသူရဲ့ လက်လေးနာသွားမှာကိုသာ စိုးရိမ်နေမိသည်... ထိုသူရဲ့ နှလုံးသားမှာတော့ ဒဏ်ရာတွေအပြည့်ဆိုတာသိနေတာကြောင့် လက်လေးကိုသာစိုးရိမ်နေရတာပါ... ဒဏ်ရာအသစ်ထပ်မဖြစ်စေချင်လို့ပေါ့...

"ငါတို့က စည်းတစ်ဖက်ဆီမှာရပ်နေကြတာလေကွာ..."

"မင်းမေ့နေတာလား. အဲ့စည်းကိုမင်းကအရင်တားခဲ့တာကိုလေ..."

မျက်ရည်ကိုအားကိုးရင်း အော်နေသူလေးကို ကြည့်နေတဲ့ ထိုက်ရင့်ရဲ့ အကြည့်တွေဟာ ဘယ်လောက်တောင် ကြေကွဲစရာကောင်းနေလိမ့်မလဲ...

ဟုတ်တယ်. အဲ့စည်းကိုတားခဲ့တာငါ... ဒါပေမဲ့ ဖန်တီးခဲ့သူက မင်း...

🎉 You've finished reading ချိတ်ပိတ်နှလုံးသား / ချိတ်ပိတ်နှလုံးသား [COMPLETE] 🎉
ချိတ်ပိတ်နှလုံးသား / ချိတ်ပိတ်နှလုံးသား [COMPLETE]Where stories live. Discover now