🙆အပိုင်း(၄)🙆

13.9K 1.1K 43
                                    

Zawgyi.....

ပန်း​လေး​ပြောသည့်​အတိုင်းပင်​ ​ရေခဲတုံးကြီးသည်​ ​ခေး၏
ချောကလတ်​အားမမြင်​​ပေ။ခေး စိတ်​ဓာတ်​​တွေပါကျချင်​သွားသည်​။

အားလပ်​ချိန်​၌....

ရေခဲတုံးကြီးသည်​ သူ့စားပွဲ​ပေါ်တွင်​ရှိ​နေ​သော မုန့်​များကို အိတ်​ထဲထည့်​​နေ​သည်​။ပြီး​နောက်​ သူသည်​ ​ကျောင်းရဲ့​နောက်​ဖက်​ခြမ်းသို့သွားသည်​ကို​​တွေ့ပြီး ​ခေး လည်း​နောက်​မှတိတ်​တိတ်​​လေးလိုက်​သွားခဲ့သည်​။

လွန်းသည်​ မုန့်​များကိုအိတ်​ထဲထည့်​ပြီး​ကျောင်း​နောက်​ဖက်​ခြမ်း​တွင်​ရှိ​သောမိဘမဲ့​ဂေဟာ​ကျောင်းသို့ သွားပြီး ထိုမုန့်​များအားက​လေး​တွေကို​ကျွေး​လေ့ရှိသည်​။

"ကိုကိုသား/သမီးတို့အတွက်​မုန့်​​တွေအများကြီးယူခဲ့​ပေးတယ်​ စားကြမလား....စည်းကမ်းတကျလာပြီးယူကြရမယ်​​နော်​.......

ခေးသည်​ ထို​​နေရာတွင်​မိမိအသက်​မှရှိ​သေးရဲ့လား​တောင်​မသိ​လောက်​​အောင်​လှပ​သောမြင်​ကွင်းတစ်​ခုက ဆွဲ​ဆောင်​ထား​လေသည်​။
က​လေးများအား ပြုံးပြ​နေ​သောသူ၏အပြုံးထဲမှအရမ်းလှပ​သောအစွယ်​​လေးများကို​တွေ့လိုက်​ရ​သော​ကြောင့်​ပင်

နေပူထဲ၌ရပ်​​နေ​သော​ကြောင့်​နှာခေါင်သွေးများလျှံလာတာကိုပင်​ သတိမထားမိဘဲ ငမ်းးမြဲငမ်းဆဲပင်​...

" ​ဝေ့..​ဝေ့...မင်းအဆင်​​ပြေရဲ့လား..နှာ​ခေါင်း​သွေး​တွေကျ​နေတယ်​..ကိုယ့်​ကိုမြင်​ရရဲ့လား...ဘယ်​လို​ကြောင်​​တောင်​​တောင်​​လေးလည်းကွ....ဟူး...အ့​လောက်​​တောင်​မုန့်​စားချင်​​နေရတာလားကွာ...က​လေး​တွေစားတာကိုကြည့်​ပြီးနှာ​ခေါင်း​သွေး​တောင်​ ယိုတယ်​ဆို​တော့...

လွန်း မိမိတို့အားတစ်​​ယောက်​​ယောက်​ကြည့်​​နေသလိုခံစားရ​သော​ကြောင့်​ လှည့်​ပတ်​ကြည့်​လိုက်​ရာ ထို​နေ့က မိမိနမ်း​မိလိုက်​​သော​ကောင်​​လေးဖြစ်​​လေသည်​။

နှာ​ခေါင်း​သွေးများကျ​နေသည်​ကိုပင်​မသိ​လောက်​​အောင်​ ​ငေး​နေသည်​​ကြောင့်​ မိမိပင်​မ​နေနိုင်​ဘဲ သွားပြီးသတိ​ပေးရန်​သူ့အနား​ရောက်​သွား​သော်​လည်း တုတ်​တုတ်​မျှပင်​မလှုပ်​​သော​ကြောင့်​ မျက်​နှာအား လက်​ဖြင့်​​ဝေ့ရမ်းကြည့်​​သော်​လည်း
ကြောင်​​တောင်​​တောင်​​လေးဖြင့်​သာ။
က​လေး​တွေစား​နေ​သော​နေရာ၌သာကြည့်​မြဲကြည့်​​နေဆဲ​ပေ။
ထို့​ကြောင့်​ သူ​လေးမုန့်​စားချင်​​နေ​သော​ကြောင့်​ဟုထင်​မိခြင်း။

(beautiful love)🙆🙆(complete)Where stories live. Discover now