Zawgyi.......
လွန်း၏ကားမှန်များမှာ အပြင်မှကြည့်လျှင် အမဲဖြစ်သော
ကြောင့်တော်သေးသည်။ယောက္ခဖြစ်သူအား ခေးနဲ့ချစ်သူဖြစ်နေသည်ကို ဖုံးကွယ်လိုခြင်းမဟုတ်။ခေး အဆင်မပြေမှာကို
စိုးရိမ်တာပင်။
ခေး အဆင်သင့်မဖြစ်သေးချိန်တွင် လွန်းသည်
ခေးအား ဖိအားမပေးချင်ပေ။ ခေး အဆင်သင့်ဖြစ်မည့်အချိန်
ကိုသာစောင့်မည်ဖြစ်သည်။ဒေါ်ဖူးဖူးသွယ် မှာ သားလေးအိမ်ပြန်မလာသေးသောကြောင့်
အပြင်သို့ထွက်စောင့်နေစဉ် ကားတစ်စီးမှာမိမိတို့အိမ်ရှေ့တွင်ရပ်ထားသည်ကိုတွေ့လိုက်ရသည်။အတော်အတန်ကြာအောင်ရပ်စောင့်နေသော်လည်း
ထိုကားမှာမသွားသေးဘဲရှိနေသောကြောင့် အကြောင်းရှိမည်ထင်ပြီး ကားတံခါးအားသွားခေါက်မိသည်။ကားမှန်ချလိုက်ချိန်တွင် မိမိ၏ချစ်လှစွာသောသားမှာ သွားဖြူဖြူလေးများကို အစွမ်းကုန် ဖြဲပီးပြုံးပြနေသောကြောင့် သူမမှာအ့သြ သွားရသည်။
"Hehe...မေမေ...သားအိပ်ပျော်သွားလို့..ကားပေါ်မှာ...
စိတ်မဆိုးပါနဲ့နော်...သားသူငယ်ချင်းနဲ့ဝိုင်းလေ့ကျင့်ပေးလို့..
ပင်ပန်းသွားပြီ..အိပ်ပျော်သွားတာပါ...နော်..မေမေနော်..""သားသူငယ်ချင်းလိုက်ပို့တာလား...သား.."
"ဟီး....ဟုတ်တယ်..မေမေ..သူလည်းအိပ်ပျော်သွားလို့..."
"တောင်းပန်ပါတယ် အန်တီ..ကျွန်တော်လည်းအိပ်ပျော်သွားလို့..ခေးကိုနှိုးဖို့သတိမရလိုက်လို့ပါ..ကျွန်တော်က ခေးနဲ့ဆေးကျောင်းအခန်းအတူတူပါဘဲ..ကျွန်တော်နာမည်က
လွန်းခန့်ထည်လို့ခေါ်ပါတယ်..အန်တီ..."[A/N=လွန်းတို့်များ မိဘတွေကိုသာအ့လာက်စကားမပြောတာ.ယောက္ခမကိုတော့ချွင်းချက်😒😒😒]
"အာ...ရပါတယ်ကွယ်..အန်တီနားလည်ပါတယ်...အန်တီသားရဲ့သူငယ်ချင်းက ချောလိုက်တာကွယ်....ကျောင်းမှာ
နာမည်ကြီးဖြစ်မယ်တူတယ်....ဟုတ်လား..သားလေး..."
YOU ARE READING
(beautiful love)🙆🙆(complete)
Romanceမင်းလေးကကိုယ့်ရဲ့ ခေး ဆိုးလေး (လွန်းခန့်ထည်) ချေလည်းချစ်တယ်😍😍😍😍😍 ( ခေးရသ)