2

623 58 7
                                    

ZAWGYI

"Yo! က​လေး​တွေ...."

အသံကျယ်​ကျယ်​ဖြင့်​ဝင်​လာတဲ့လူ​တွေက စီနီယာတန်းကလူ​တွေ။
ဂျောင်​ဂု အိပ်​​နေရင်း​ခေါင်း​ထောင်​ကြည့်​လိုက်​သည်​။
ဂျီမင်းနှင့်​စီနီယာထယ်​​ယောင်းပါတဲ့အဖွဲ့မှာ အရမ်းတက်​ကြွ​နေသူက ပန်း​ရောင်​တီရှပ်​နှင့်​အစ်​ကိုကြီး။
ဘေးက နှာတံချွန်​ချွန်​ရုပ်​​ချော​ချောအစ်​ကိုကြီးကို စကား​တွေတတွတ်​တွတ်​​ပြော​နေ၏။
သူတို့အချင်းချင်းတွတ်​ထိုးရင်း ထပြီးရီလိုက်​ရင်​ တကျီကျီနှင့်​။

ဂျီမင်းက​တော့ ​အ​နောက်​နားမှာကပ်​​နေပြီး သူနှင့်​မဆိုင်​သလို White boardကိုမှီပြီး ငိုက်​​နေသည်​။
သူ့ဘဲကြီးရဲ့အချိုး​တွေနှင့်​တူလာလိုက်​တာ ၀မ်းနည်းစိတ်​ပျက်​ဖို့​ကောင်း။

အဲ့ထဲမှာ အတည်​ငြိမ်​ဆုံးက​တော့ ​ဂျောင်​ဂုရဲ့စီနီယာ​လေး။
မျက်​မှန်​၀ိုင်း​လေးနှင့်​ သူ့သူငယ်​ချင်း​တွေလုပ်သမျှ​ကိုပြုံးပြုံး​လေး​ ကြည့်​​နေ၏။
ဝင်​လာကြပြီး ဘာမှမ​ပြော​သေးတဲ့ စီနီယာတစ်​စုကို ​ကြောင်​​ကြောင်​​လေး​ငေးကြည့်​​နေကြရတာက သူတို့ဂျူနီယာတန်း​တွေ။

"ကဲ အစ်​ကိုတို့ဒီ​နေ့လာတာက Uniနှင့်​​တော့ဘာမှမဆိုင်​ပါဘူး ဒါ​ပေမယ့်​ ​ကျောင်းမှာရှိတဲ့ ပရဟိတအသင်းကိုသိတယ်​မလား..."

အရင်​ဆုံးစကားစ​ပြောတာက စီနီယာထယ်​​ယောင်း။
ကြည့်​ပါအုံး စကား​ပြော​နေတာ​တောင်​ အပြုံးကမပျက်​သွားဘူး။
စကား​ပြော​နေတာ​တောင်​ အပြုံး​လေးနှင့်​။
အစ်​ကိုက​အေးချမ်းလိုက်​တာ။

တစ်​​နေ့လုံးသာ ထိုင်​ကြည့်​​နေလိုက်​ချင်​သည်​။
တကယ်​ပါ စီနီယာအပြုံး​တွေကို ကြည့်​​နေရရင်​ ထမင်းမစားရလည်း ဗိုက်​၀သည်​။
ရေမ​သောက်​ဘဲလည်း တစ်​ဘ၀လုံးအသက်​ရှင်​နိုင်​သည်​။
Banana milkလည်းမလိုဘူး။
Work outမလုပ်​ပဲ​တောင်​ စီနီယာ့အပြုံးကို ကြည့်​ရုံဖြင့်​ပင်​ သူabs​တွေ တသီတသန်းကြီး ထွက်​လာ​အောင်​ လုပ်​ပြလိုက်​ချင်​​သေး၏။
သူ​တော့ ကင်​ထယ်​​ယောင်း​ဆေးမိ​နေပြီ။

Hey! Darling [[TAEKOOK]]Où les histoires vivent. Découvrez maintenant