ZAWGYI
အစိမ်းရောင်အဆိပ်ကန်သည် တပွက်ပွက်ထလျက်ရှိသည်။
အနက်ရောင်ဝတ်ကောင်မလေးက ထို အဆိပ်ကန်ထဲ ကျမသွားအောင် ရှောင်ရင်းရှားရင်းဖြင့် ထွက်ပြေးနေ၏။
ပေ၂၀မြင့်တဲ့ တင်းပုတ်ကိုင်ဘီလူးကြီးက သူ့တင်းပုတ်ကို အကြိမ်ကြိမ်လွှဲယမ်းရင်း ပြေးလိုက်နေသည်။
တစ်ခါတစ်လေ မှုတ်ထုတ်တတ်သည့် မီးပွားတွေကိုပါ သူမမှာရှောင်ရသေးသည်။
HPတန်း(သွေး)လေးက တစ်ကန့်မျှပင်မကျန်တော့သည်မို့။
ကျောက်ဆောင်တွေကြားဝင်ပြေးမိတော့ သူမကိုမျက်ခြေပြတ်သွားသည်။"Healer!! healer ဘယ်ရောက်သွားတာလဲ သူဒေါင်းစားရေ!.."
မင်ယွန်းဂီရဲ့ဆဲသံကြီးက နားကြပ်ထဲကနေ အကျယ်ကြီးထွက်လာသည်မို့ အတန်းထဲမှာဂိမ်းခိုးဆော့ရင်း ဂျီမင်းလေးတုန်တက်သွားသည်။
"ကျွန်တော် သေနေတယ် မင်..."
"WTF! ပတ်ဂျီမင်း..."
ဂျီမင်း Wcတက်ကာ စကားလုံးအချို့ကို ခပ်မြန်မြန်ရိုက်ချလိုက်သည်။
At World chat>>
Kindly Demon:: "Help me!!!"
World chatမှာတက်လာတဲ့ အကူအညီတောင်းသည့်စကားကြီးကို မြင်ပြီး ယွန်းဂီသွေးတက်ချင်လာသည်။
သူ့လိုrank 2ပါနေတာကိုတောင် ပတ်ဂျီမင်းက Help meနေတုန်း။
တကယ်ဆို မသေသင့်ပဲ တဖြုန်းဖြုန်းထပ်ခါထပ်ခါသေနေသူက ဂျီမင်းပင်။
အဆိပ်ကန်ထဲ ခုန်ချလိုက် demonမှုတ်တဲ့မီးရှေ့ ရပ်နေလိုက်ဖြင့်။
စာသင်ခန်းထဲမှာ ခိုးဆော့နေတာ အသိသာကြီးဖြစ်သည်။Midnight Queen joined your team..
Hopeless my ass joined your team..
Lady Lizzy joined your team..ဂျီမင်းရဲ့အကူအညီတောင်းမှုကအလုပ်တော့ ဖြစ်သွားသည်။
တကယ့်ရန်ဘက် Clanကလူတွေ တစ်ယောက်ပြီးတစ်ယောက် teamထဲရောက်လာပြီး ကူညီကြ၏။"Fire Clanရဲ့ masterက မိန်းကလေးဖြစ်သွားလို့ ပျော့သွားတော့တာလား.."
YOU ARE READING
Hey! Darling [[TAEKOOK]]
FanfictionBTS Fanfiction Jeon Jungkook💜Kim Taehyung Taekook Own creation By Isis