သတို့သမီး အရုပ်သရဲ

62 3 0
                                    

👗 သတို့သမီး အရုပ်သရဲ 👗

‘ လာ ပါ့စ်ကူလိတာ (La Pascualita) ’ ဆိုတာ ‘ ပါ့စ်ကူလိတာရဲ့ သမီး’ လို့ အဓိပ္ပါယ်ရတယ်။

အံ့ဩစရာက လာ ပါ့စ်ကူလိတာဟာ လူမဟုတ်ဘူး။ မန်းနီကင် အရုပ်မဖြစ်နေတာပဲ။

ဟုတ်တယ်။

လာ ပါ့စ်ကူလိတာ (La Pascualita) ဆိုတာ မက္ကဆီကိုနိုင်ငံက သတို့သမီးအင်္ကျီဆိုင်က သတို့သမီးဝတ်စုံဝတ်ထားတဲ့ အရုပ်မရဲ့ နာမည်ပေါ့။

👗

လာ ပါ့စ်ကူလိတာအရုပ်မဟာ လှပသလောက် အတော့်ကို စိတ်​ချောက်ချားစရာကောင်းတယ်။

“ မျက်လုံးတွေလှုပ်နေတာ ငါမြင်လိုက်တယ်..”

လူတွေကို ရူးသွပ်စေခဲ့။

လာ ပါ့စ်ကူလိတာ ကိုကြည့်မိရင် အနည်းဆုံးတော့ ကျောရိုးထဲကိုအေးစိမ့်သွားတဲ့ခံစားမှုကို ရသွားကြတယ်။

👗

ဟိုးရှေးရှေးကတည်းက သရဲခြောက်တဲ့ အရုပ်တွေကို ဘာသာရေးနဲ့ အခမ်းအနားတွေအတွက် မှော်အတတ်နဲ့စီရင်ဖို့ ဝယ်ယူခဲ့ကြတယ်။

လာ ပါ့စ်ကူလိတာကလည်း ကုန်တိုက်တွေထဲက ဘယ်အရုပ်နဲ့မှကို မတူတာ။

လာ ပါ့စ်ကူလိတာရဲ့မျက်နှာဟာ အံ့ဩစရာကောင်းလောက်အောင် လူတစ်ယောက်နဲ့တူနေတာပဲ။

ထူထဲတဲ့ မျက်တောင်။
မျက်လုံး..။

လာ ပါ့စ်ကူလိတာရဲ့ လက်တွေခြေတွေကိုသေသေချာချာ အသေးစိတ်ကြည့်လိုက်ရင် သင်မေ့လဲကျသွားမယ်။

သူ့လက်မှာ လက်ဗွေရာ၊ အရေးအကြောင်းတွေကအစ အကုန်ရှိနေတာ။

👗

ဒါတင်ပဲလား။
လာ ပါ့စ်ကူလိတာရဲ့ ခြေထောက်မှာလည်းသွေးပြန်ကြောတွေတောင်ရှိတယ်။

အရုပ်မတွေထဲမှာဆို တော်တော်လက်ရာမြောက်တယ်လို့ ဆိုရမယ်။

လာ ပါ့စ်ကူလိတာရော၊ သူမရဲ့ မင်္ဂလာဆောင်ဝတ်စုံတွေရော လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဖြတ်သန်းသွားလာသူတွေ သတိပြုမိတဲ့အထိ သိပ်လှတယ်။

👗

“ဟင်.. လာ ပါ့စ်ကူလိတာက ညအချိန်ဆို ဆိုင်ထဲမှာ လျှောက်ကနေတာ..”

ဖြစ်ရပ်မှန်မှုခင်းများ (Book 1)Where stories live. Discover now