အနီရောင်ကောင်မလေး

12 4 0
                                    

🎈အနီရောင်ကောင်မလေး🎈

ဟိုးရှေးရှေးတုန်းက မူလအစဒဏ္ဍာရီပုံပြင်တွေဟာ ကြောက်မက်ဖွယ်ရာများနဲ့ပြည့်နှက်နေခဲ့...။

အနီရောင်ခြုံထည်လေး ဝတ်ထားတဲ့ ကောင်မလေး ( Little Red Riding Hood ) ရဲ့ မူလပုံပြင်..။

▬▬▬▬▬▬▬▬

🔞( အောက်ပါ အကြောင်းအရာများသည် ပုံပြင်များ၏ မူလအကြောင်းအရာများကို ရေးသားထားခြင်းဖြစ်ပါသောကြောင့် မသိချင်သူများ၊ စိတ်မခိုင်သူများနှင့် အသက် ၁၈ နှစ် အောက်များ ဖတ်ရန်မသင့်ကြောင်း သတိပေးအပ်ပါသည်။)🔞

▬▬▬▬▬▬▬▬

အနီရောင်ခြုံထည်လေး ဝတ်ထားတဲ့ ကောင်မလေး ( Little Red Riding Hood ) ရဲ့ မူရင်းပုံပြင်က ၁၆၉၀ ခုနှစ်ဝန်းကျင်ကတည်းက..။

ဘယ်လ်ဂျီယံ ကဗျာဆရာတစ်ဦးက အဲ့ဒီပုံပြင်ကို ၁၁ ရာစုမှာ မှတ်တမ်းတင်ခဲ့တာ။

၁၇ ရာစုရောက်တော့ ပြင်သစ်၊ Charles Perrault ရဲ့ ပုံပြင်စာအုပ် (Mother Goose Tales) က ဒီအကြောင်းကိုရေးခဲ့။

Charles Perrault ရဲ့ ၁၇ ရာစု ပြင်သစ်ပုံပြင်တွေဟာ ၁၉ ရာစု ဂျာမန်ဗားရှင်းရောက်တော့ကွာသွားပြန်ရော..။

Charles Perrault ရဲ့ ပုံပြင်တွေဟာ အဲဒီခေတ်တုန်းက ယဉ်ကျေးမှုတွေနဲ့ဆက်နွယ်တဲ့ တိကျသောမက်ဆေ့ချ်တွေဖြစ်တယ်။

"Little Red Riding Hood" ရဲ့ ၁၁ ရာစု၊ ၁၇ ရာစု၊ ၁၉ ရာစု မူကွဲပုံပြင်တွေဟာ အတိတ်ရဲ့ပြတင်းပေါက်များဖြစ်တယ်။

🎈

၁၉ ရာစုရောက်တော့ Grimm ညီအစ်ကို က အဲ့ဒိပုံပြင်တွေကို Little Red Cap ရယ်လို့ နည်းနည်းစီပြောင်း ဆက်ရေးသားခဲ့။

အဲ့ဒိအချိန်တုန်းက ဘာသာရေးစစ်ပွဲတွေဖြစ်ပြီး ပြင်သစ်ဒုက္ခသည်တွေ ဟာ ဂျာမနီနဲ့ အင်္ဂလန်ကို ပြေးနေရတဲ့အချိန်ပေါ့..။

မယုံနိုင်လောက်အောင် ရက်စက်ပြီး၊ ကြောက်စရာကောင်းတဲ့ Fairy Tales တွေရှိလာတယ်။

ဒီပုံပြင်တွေဟာ ခေတ်ကောင်း၊ သမိုင်းပြောင်း လာတာနဲ့ အမျှ တဖြည်းဖြည်းကောင်းလာတာပဲ။

ဒီကနေ့မှာတော့ စိတ်တိုင်းကျပြုပြင်လိုက်တာမို့ လှပတဲ့ပုံပြင်တွေဖြစ်လာတာပေါ့..။

ဖြစ်ရပ်မှန်မှုခင်းများ (Book 1)Tahanan ng mga kuwento. Tumuklas ngayon