စနိုးဝှိုက်မူရင်းပုံပြင်

17 7 0
                                    

🌟စနိုးဝှိုက် မူရင်းပုံပြင် 🌟

စနိုးဝှှိုက် ( Snow White ) ပုံပြင်ကို လူတိုင်းကြားဖူးကြမှာပေါ့...။

စနိုးဝှိုက်လေး ဖြစ်ချင်လိုက်တာ လို့ စိတ်ကူးယဉ်ဖူးတဲ့ ကောင်မလေးတွေ အများကြီးရှိသလို....

စနိုးဝှိုက်လေးနဲ့ ​တွေ့ခဲ့တဲ့ ​ မင်းသားလေး ဖြစ်ချင်လိုက်တာလို့ စိတ်ကူးယဉ်ဖူးတဲ့ ကောင်လေးတွေလည်း အများကြီး...။

::::::::::::::::::::::::::::

ပြီးတော့ စနိုးဝှိုက်ဆိုတာ Walt Disney က ဖန်တီးထားတဲ့ စိတ်ကူးယဉ် မင်းသမီးလေးလို့ လူအများက ထင်တတ်ကြတယ်..။

တကယ့် မူရင်း စနိုးဝှိုက် ပုံပြင်ဟာ အမေရိကန်နိုင်ငံထက်တောင် အသက်ကြီးပါတယ်။ စနိုးဝှိုက်ပုံပြင် စပေါ်တုန်းက အမေရိကန်န်ိုုင်ငံကြီးတောင် မပေါ်ပေါက်သေးဘူးပေါ့...။

' ပုံပြင်' ဆိုပေမဲ့ ပထမဦးဆုံး စနိုးဝှိုက်ပုံပြင်ကို ရေးသူခဲ့က စိတ်ကူးယဉ် ဖန်တီးထားခဲ့တာ မဟုတ်ပါဘူး..။ ရှေးတုန်းက ရေးဆွဲခဲ့တဲ့ ပန်းချီကားတွေကို ပုံပြင်အဖြစ်ရေးသားခဲ့တာဖြစ်ပါတယ်။

တကယ့် စနိုးဝှိုက်ကတော့  ဟိုးအရင် ၁၆ ရာစု ကတည်းက ဥရောပ ရာဇဝင် သမိုင်းထဲမှာ တကယ့်ကို ရှိခဲ့ပါတယ်..။

::::::::::::::::::::::::::::

ဒါကို ပုံပြင် အဖြစ်ဖန်တီးပြီး နာမည်စကြီးခဲ့တာကတော့ ၁၉ ရာစု အစောပိုင်းက the Brothers Grimm ရဲ့ ပုံပြင်စာအုပ်တွေထဲမှာ ပါလာလို့ပါပဲ...။

၁၉ ရာစုမှာ ဂရင်မ် ညီအကို (the Brothers Grimm-Wilhelm Grimm and Jacob Grimm) ဟာ ရှေးဟောင်း ဥရောပ ပုံပြင်တွေ (Old European Folktales)  အများကြီး ထုတ်ဝေခဲ့တယ်။

" ဂရင်မ် ညီအကိုဟာ ကျွန်တော်တို့ ဒေသရဲ့ တကယ့် အထောက်အထားခိုင်လုံတဲ့ သတင်းဆောင်းပါးတွေကို စုစည်းပြီး ပုံပြင်အဖြစ်ရေးခဲ့လို့ ကျွန်တော်တို့ သိပ်ကျေနပ်မိတယ်.." Dr. Bartels ကပြောခဲ့ပါတယ်..။

::::::::::::::::::::::::::::

စနိုးဝှိုက်ပုံပြင်ကို ဂျာမန်ဘာသာစကားနဲ့  " Schneewittchen ” လို့ခေါ်ပါတယ်။

ဂရင်မ် ညီအကို- the Brothers Grimm ရဲ့ စနိုးဝှိုက် မူရင်းပုံပြင်ကို ဖတ်ကြည့်လိုက်ရင်တော့ အထင်နဲ့ အမြင် တက်တက်စင်အောင် လွဲရမှာဖြစ်တယ်..။

ဖြစ်ရပ်မှန်မှုခင်းများ (Book 1)Tempat cerita menjadi hidup. Temukan sekarang