မြောက်ကိုရီးယားမှ လွတ်မြောက်ခြင်း

11 4 0
                                    

🇰🇵 မြောက်ကိုရီးယားမှ လွတ်မြောက်ခြင်း 🇰🇵

ကြွက်တွေ၊ မြက်ပင်တွေ၊ မြေဆီလွှာနဲ့ သစ်ပင်အခေါက်တွေစားပြီး အသက်ရှင်ရတဲ့ဘဝကို ရောက်နေရင်..၊

အသက်ရှင်သန်ဖို့အတွက်  ရွှံ့အိုင်ထဲကရေကိုသောက်မှ ရေငတ်ပြေမယ်ဆိုရင်...၊

ဘာဆက်လုပ်မလဲ..။

🇰🇵

လမ်းပေါ်ကအပုပ်အသိုး၊ အညစ်အကြေးတွေကောက်စားပြီး တစ်နေ့ တစ်နေ့ အသက်ဆက်ရမယ်ဆိုရင်..။

လူသေကောင်တွေထဲက လောက်ကောင်အကြီးကြီးတွေကို နှိုက်စားရမှ အသားဓာတ်ရပြီး နောက်ထပ်တစ်ရက် အသက်ရှင်သန်ခွင့်ရမယ်ဆိုရင်..။

ဘယ်သူမဆို အဲဒီဘဝက လွတ်မြောက်ချင်လိမ့်မယ်။

ဒါပေမဲ့
ဘယ်လို.....?

🇰🇵

ပြုံယမ်းက မြောက်ကိုရီးယားအစိုးရဟာ သူ့နိုင်ငံသားတွေကို အခြားနိုင်ငံသား ခံယူခွင့်မပြုပါ။

အပြည်ပြည်ဆိုင်ရာ နိုင်ငံသားခံစားခွင့်အခွင့်အရေးကို ခပ်ပြတ်ပြတ်ပဲ ချိုးဖောက်ထားတယ်။

🇰🇵

မြောက်ကိုရီးယားက ထွက်ပြေးတဲ့သူတွေဟာ သစ္စာဖောက်ပဲ..။ ရာဇဝတ်သားလို့ သတ်မှတ်တယ်။

ပြည်ပြေးတွေကို ပြန်ပြီးဖမ်းမိရင် စိတ်ကူးထဲမှာတောင်မတွေးရဲတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို နိုင်ငံရေးအကျဉ်းစခန်းတွေမှာ သေတဲ့အထိခံရမယ်။

အဲဒီရောက်ရင် ငရဲပဲ။

ဒါမှမဟုတ် အများပြည်သူရှေ့မှာ သေနတ်ပစ် အသတ်ခံရမယ်။

🇰🇵

မြောက်ကိုရီးယားက ထွက်ပြေးလွတ်မြောက်သွားရင်ရော...?

မိသားစုမျိုးဆက် သုံးဆက်ကနေ လေးဆက်အထိ အားလုံး နိုင်ငံရေးအကျဉ်းစခန်းကို အပို့ခံရမယ်။

ဒါကြောင့် မိသားစုရှိရင် မိသားစုလိုက်ပြေးကြတယ်။

🇰🇵

နှစ်စဉ် နှစ်တိုင်း မြောက်ကိုရီးယားကလူတွေ ထွက်ပြေးနေကြဆဲ...။

ဖြစ်ရပ်မှန်မှုခင်းများ (Book 1)Tempat cerita menjadi hidup. Temukan sekarang