SIO (ထွေးထုတ်လိုက်စမ်း)

206 18 3
                                    

Title: Spit It Out!

Alternative Title: 乖, 这个不能吃

Author: 酥酒 (Sū Jiǔ) [စုက်ိဳး]

Tags: Yuri, Supernatural, Fantasy, Mystery, Humour, Fluff, Drama, Romance

Year: 2019

Status: 137 Chapters + 4 Extras [Completed]

English Translation: မရှိသေး

Myanmar Translation: မရှိသေး

~•~



Summary

သိုင်းလောကရဲ့ အငယ်ဆုံးနဲ့ အထုံပါရမီအရှိဆုံး မျိုးဆက်သစ်တစ်ဦး၊ သို့ပေမယ့် ကာယဗလပိုင်းမှာပဲ တစ်ဖက်စွန်းရောက် ထူးချွန်ပြောင်မြောက်လေတဲ့ ရှဲ့ချီ.. တာဝန်ကြီးတစ်ခု ထမ်းရွက်ဖို့ သူမ နေထိုင်ရာတောင်အောက်ကို ဆင်းသွားလေတယ်။

တောင်အောက်ဆင်းပြီးလို့ ဒုတိယအပတ်လည်းကျရော တောင်ပေါ်မှာ နေကျန်ရစ်တဲ့ ဆရာတူအစ်ကိုတစ်သိုက်.. သူတို့ရဲ့ အထွေးဆုံးညီမလေးဆီကနေ အရေးတကြီးပို့လွှတ်လိုက်တဲ့ မေးခွန်းကို လက်ခံရရှိခဲ့လေရဲ့။

"အစ်ကိုတို့! အစ်ကိုတို့! ညီမ မွေးထားတဲ့ တစ္ဆေမလေးက ဒီနေ့ မကောင်းဆိုးရွားဝိဉာဉ်တွေ အများကြီး စားလိုက်မိတယ်။ သူ့ဗိုက်ထဲ အစာမကြေဘဲ နေမလားဟင်?"

အစ်ကိုများ: ??? ဆရာတူညီမလေးရေ! ပြန်ပြောလိုက်စမ်းပါဦး မင်း ဘာအကောင်မွေးထားတယ်ဆိုတာ!

~•~



"ဘာလို့ ဖတ်သင့်/ပြန်သင့်သလဲ?"

ရှဲ့ချီက ဟွိုက်ရှန်တောင်သရဲဖမ်းသူအုပ်စုထဲက အငယ်ဆုံးလေး။ ဒါပေမယ့် တောင်သခင်ရဲ့တိုက်ရိုက်တပည့်ဖြစ်တဲ့အတွက် ကျန်တဲ့သူအားလုံးထက် အသက်ငယ်သော်ငြား ဝါကြီးသူ ဖြစ်ပါတယ်။ ရှဲ့ချီတို့ ဟွိုက်ရှန်အုပ်စုက သွေးမတော်စပ်တဲ့မောင်နှမတွေဆိုပေမယ့် တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ကြင်နာကြပြီး နွေးထွေးသိုက်ဝန်းစွာ နေတတ်ကြပါတယ်။

တစ်နေ့မှာ ရှဲ့ချီ တောင်အောက်ဆင်းသွားတဲ့အခါ ဒဏ်ရာရပြီး အားနည်းနေတဲ့ ဝိဉာဉ်လေးကို အိမ်မွေးတိရစ္ဆာန်လေးအဖြစ် မွေးဖြစ်လိုက်တယ်။ ဝိဉာဉ်လေးက သဏ္ဍာန်မှန်ကို အပြည့်အဝမယူနိုင်တော့ မီးခိုးလုံးလေးအနေနဲ့ပဲ ကိုယ်ထင်ပြနိုင်တယ်။ အဲဒီမီးခိုးလုံးအိကျိလေးက ရှဲ့ချီကို အင်မတန်တွယ်တာပြီး သရဲဖမ်းတဲ့ကိစ္စတွေမှာ စွမ်းစွမ်းတမံ လိုက်လံကူညီပေးတတ်ပါသေးတယ်။ တစ်ခုပဲ၊ သူလေးက ယင်ဓာတ်သိပ်သည်းတဲ့ မကောင်းဆိုးရွားဝိဉာဉ်တွေဆိုရင် သွားရည်ကျပြီး မျိုချတတ်တဲ့အတွက် ရှဲ့ချီခမျာ သရဲဖမ်းနိုင်ဖို့ထက် သူ့မီးခိုးလုံးလေး အစာမကြေမှာကိုပဲ စိတ်ပူပင်နေရတာ 😂😂 မကြာခဏ။

The Lily Bouquet [GL Collection]Where stories live. Discover now