Title: Newfound Love
Alternative Title: 新欢
Author: 讨酒的叫花子 (Tǎo Jiǔ De Jiào Huā Zǐ) [ထောက်ကျို့တျဲကျောက်ဟွားဇီ]
Tags: Yuri, Romance, Drama, Fluff, Angst, Hurt/Comfort, Modern, Motor Industry
Year: 2020
Status: 101 Chapters + 2 Extras [Completed]
English Translation: မရှိသေး
Myanmar Translation: မရှိသေး
~•~
Summary
သူ့အသက် (၂၆) နှစ်မှာ ကျန်းယွင်ကြုံခဲ့ရတဲ့ အရာသုံးခု --
သူ့ရည်းစား ချင်ကျောင်းက သစ္စာဖောက်သွားတယ်။ သူအလုပ်ကနေ ထွက်လိုက်တယ်။ ပြီးတော့ အချစ်သစ်ကို ရှာတွေ့လိုက်တယ်။
[သင်ဟာ ကျွန်ုပ်ဘဝရဲ့မီးရှူးတန်ဆောင်လည်းဖြစ်၊ အတောမသတ်နိုင်တဲ့စွဲလမ်းမှုလည်း ဖြစ်နေသူပါ ချစ်သူ]
..... ..... .....
စာဖတ်သူတို့ ကြိုတင်သိထားသင့်တာက...
(၁) ကျန်းယွင်နဲ့လုနျင်ကျီတို့က စစချင်းမှာတည်းက ဟိုလိုဒီလိုတွေ မဖြစ်ကြပါဘူး။ လုနျင်ကျီနဲ့ချင်ကျောင်းတို့က အသိတွေ။ ချင်ကျောင်း ဖောက်ပြားတာကို သိသွားတော့ ကျန်းယွင်က အချစ်သစ်ရှာတယ် (ချင်ကျောင်းနဲ့ လမ်းခွဲပြတ်စဲပြီးသွားတော့မှ)၊ လုနျင်ကျီကလည်း အဲဒီတော့မှ ကျန်းယွင်ကို လာကော်ထုတ်ခြင်း။
(၂) တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက် ဖတ်ချင်သူများ သတိပြုဖို့။ ကျန်းယွင်မှာ ရည်းစားဟောင်းနဲ့ ဖြစ်ပါတယ်။
(၃) လမ်းခွဲပြတ်စဲပြီးသူတွေ ပြန်လည်ပေါင်းထုပ်ခြင်းဇာတ် မဟုတ်ရပါဘူး။ လုနျင်ကျီအတွက် happy ending ဖြစ်ပြီး scum ex ကို နှိပ်စက်မယ့်ဇာတ်ပဲ ဖြစ်ပါတယ်။
~•~
"ဘာလို့ ဖတ်သင့်/ပြန်သင့်သလဲ?"
အကြောင်းဆိုရရင်တော့ လက်တွေ့ဆန်လို့လို့ပဲ ပြောရမယ် ထင်ရဲ့။ တကယ်တော့ လက်တွေ့ဆန်တယ်ဆိုတာထက် ဝတ္ထုရဲ့ရင့်ကျက်တဲ့သဘောသဘာဝကြောင့်ပါ။ အရေးအသား၊ ဇာတ်ကောင်၊ နောက်ခံအကြောင်းအရာ၊ ဇာတ်လမ်း စသဖြင့် အရာအားလုံးက ရင့်ကျက်နေပေမယ့် တစ်ချိန်တည်းမှာပဲ ငယ်ရွယ်ပျိုမျစ်မှုကို ခံစားစေနိုင်လို့ပဲ ဖြစ်ပါတယ်။
YOU ARE READING
The Lily Bouquet [GL Collection]
RandomChinese GL novel recommendations for translators and readers alike. (Zawgyi + Unicode)