ရင်ခွင်ထဲမှာ ကလေးလေးလို အိပ်မောကျနေတဲ့
ကောင်လေးရဲ့မျက်နှာဖြူဖျော့ဖျော့လေးကိုကြည့်ရင်း
ပြုံးလိုက်မိတယ်။မျက်တောင်စိပ်စိပ်လေးတွေမှာကပ်ငြိနေတဲ့
မျက်ရည်ဥလေးတွေအရ ဘယ်လောက်လန့်သွားလဲ
အသိသာကြီး။ကိုယ်သေးသေးလေးကို
ပိုတိုးလို့ဖက်လိုက်ကာ နဖူးပြေပြေလေးပေါ်
အနမ်းတစ်ချက်ခြွေလိုက်မိရင်း"ချစ်တယ် ရှောင်ကျန့်။ကိုယ့်ရဲ့ ညစ်ပတ်အိုးလေး"
အချိန်တိုင်းရန်ဖြစ်နေပေမဲ့။မင်းနဲ့ ချိုမြိန်တဲ့
အချိန်တွေ မဖြတ်သန်းရပေမဲ့ စိတ်တိုနေတဲ့
မင်းမျက်နှာလေးကိုပဲ မြတ်နိုးမိတဲ့
ငါ့ကိုယ်ငါ အပြစ်ဖို့ရမလား?ဖြူသေးသေးကလေးလေးတစ်ယောက်
နတ်နန်းဝမှာ ငိုကြီးချက်မဖြစ်နေတည်းက
အဝေးကလှမ်းကြည့်ပြီး အသဲယားခဲ့ရတာ
ကိုယ့်ဘာသာအသိဆုံး။ရှင်းလီနားကိုမင်းရောက်သွားတာမကြိုက်ပေမဲ့
မင်းဆီက အာရုံစိုက်မှုသေးသေးလေး
ရပါစေတော့ဆိုပြီး အမြဲတမ်းရန်စကားတွေ
ပြောနေခဲ့တာ။ရှင်းလီလက်ကိုငါဆွဲခေါ်သွားတိုင်း
နှုတ်ခမ်းလေးတထော်ထော်နဲ့ရန်လိုက်တွေ့တဲ့
ကလေးလေးကို ဆွဲညှစ်ပြီး ရမ်းပြစ်လိုက်
ချင်ရတဲ့ထိ ချစ်ခဲ့တာ။အရူံးသမားလို့ပြောတိုင်း မင်းနာကျင်မယ်ဆိုတာ
သိပါတယ်။မင်းရူံးနေသလို ငါလည်းရူံးနေတာပဲ။
အဲ့လိုပဲ ရှင်းလီလည်းအနိုင်မရသေးဘူး။မင်းလုပ်ခဲ့သမျှအပြစ်တွေထဲမှာ
ဒီအပြစ်လေးက ချစ်ဖို့အကောင်းဆုံးပဲ။
မင်းမျက်လုံးလေးကိုတည့်တည့်ကြည့်ပြီး
ချစ်ကြောင်းပြောချင်တယ်။ကလေးဆန်တဲ့ မင်းမရင့်ကျက်သေးသ၍
မင်းစိတ်ထဲ ရှင်းလီအကြောင်းတွေနဲ့
ပြည့်နှက်နေသ၍ ငါဖွင့်ပြောဖို့
ကြိုးစားလို့မရခဲ့ဘူး။ငါ့ကိုအမြဲရန်လိုက်စနေတဲ့ နတ်ဆိုးလေး
ပျောက်ကွယ်သွားမှာ အရမ်းကြောက်တယ်။
ငါ့ရဲ့ဝန်ခံခြင်းမှာ မင်းတို့၂ယောက်
နီးစပ်သွားမှာလည်း စိုးတယ်။"တစ်ညလုံးဖက်ထားပေးမယ်။မင်းဆီက
ချဉ်စုတ်စုတ်အနံ့လေးကအစ ချစ်နေတော့လည်း
ခက်တယ်ရှောင်းကျန့်!!"
YOU ARE READING
'Love' is in the boxing ring{Completed}
Fanfictionရန်သူက ချစ်ဖို့ကောင်းလာရင် ထိုးခဲ့လိုက်ပါ နှုတ်ခမ်းနဲ့..... ရန်သူက ချစ်ဖို့ကောင်းလာရင် ထိုးခဲ့လိုက်ပါ နှုတ်ခမ်းနဲ့.....