"မြေနတ်သား ရှောင်းကျန့်လားခင်ဗျ"
နတ်နန်းကိုရောက်တုန်းခဏ နတ်ဘုရားကြီးဆီ
ခစားချိန်မကျသေးတာကြောင့် ကြာကန်နားက
ဧည့်ဆောင်မှာ စောင့်နေစဉ် အနောက်ဘက်မှ
လှမ်းပြုလိုက်တဲ့အသံကြောင့် လှည့်ကြည့်မိတော့
ဟိုနေ့က ကျေးဇူးရှင်မီးနတ်သားကျန်းချန်။"သြော်..မီးနတ်သားကျန်းချန်ပါလား"
အရိုအသေပေးကြပြီးနှစ်ယောက်လုံးထိုင်ခုံလေး
ရဲ့တစ်ဖက်တစ်ချက်မှာ ထိုင်မိကြသည်။"ကျွန်တော်ကို မှတ်မိလား။ဟိုနေ့က မြင်းနဲ့
ပွတ်ဆွဲမိသွားတဲ့တစ်ယောက်လေ""မှတ်မိပါတယ်။"
"အခုရော အဆင်ပြေရဲ့လား။တစ်ခုခုဖြစ်သွား
သေးလား""အကုန်အဆင်ပြေပါတယ်ဗျ။ဒါနဲ့ မီးနတ်သားက
ကြားဖူးသလို ဒေါသမကြီးဘူးနော်"သူ့စကားကို ကျန်းချန်က မထိတထိရယ်ရှာတယ်။
သူ့ကြည့်ရတာ မရယ်ချင်ပေမဲ့ အားတင်းရယ်နေ
ရတဲ့ ပုံစံမျိုး..."ခမည်းတော်ကပြောတယ်။နတ်ဘုရားတစ်ပါး
ဖြစ်လာဖို့အတွက် ဒေါသကြီးနေလို့မရဘူးတဲ့။
ပြီးတော့ ခမည်းတော်က ရှောင်းကျန့်ကို အရမ်း
ချီးကျူးတာ။ပျော်ပျော်နေတတ်ပြီး ဒေါသမကြီး
လို့တဲ့လေ။ဟို...စစ်ပွဲတွေ ခဏခဏ ဖန်တီးတာ
တော့ ခမည်းတော်က ထည့်မပြောဘူး""အာ...အဲ့တာက အကြောင်းရှိပါတယ်။
ကျွန်တော်လည်း ရန်မဖြစ်ချင်ပါဘူး။ဒီတိုင်း""နတ်သားတို့...နတ်ဘုရားကြီးက ၀င်ခွင့်ပြုလာ
ပါပြီ"နတ်သူငယ်လေးရဲ့ ဦးဆောင်မှုနောက်သူတို့
နှစ်ယောက်လုံး လိုက်ခဲ့လိုက်တော့ နတ်ဘုရား
ကြီးက အဆင်သင့်စောင့်နေသည်။"အခုဆင့်ခေါ်လိုက်တာ အကူအညီ တောင်းစရာ
ရှိလို့""မှန်လှပါ နတ်ဘုရားကြီး။ကျရောက်လာတဲ့
တာဝန်ကို ထမ်းဆောင်ဖို့ အသင့်ပါ""မဖြစ်နိုင်တွေတော့ လျှောက်မလုပ်ခိုင်းနဲ့နော်။
ကျွန်တော်က အိမ်ထောင်သည်။အိမ်ထောင်
်အတွက်လည်း အချိန်ပေးရသေးတယ်"
BINABASA MO ANG
'Love' is in the boxing ring{Completed}
Fanfictionရန်သူက ချစ်ဖို့ကောင်းလာရင် ထိုးခဲ့လိုက်ပါ နှုတ်ခမ်းနဲ့..... ရန်သူက ချစ်ဖို့ကောင်းလာရင် ထိုးခဲ့လိုက်ပါ နှုတ်ခမ်းနဲ့.....