"သတိရလာရင် ဒီဆေးလေးတိုက်လိုက်နော်။
ငါပြန်တော့မယ်။တော်ကြာ နိုးလို့ ငါ့ကို
တွေ့ရင် သောင်းကျန်းနေမှာ"ရှင်းလီက ခပ်ပြုံးပြုံးလေးပြောလို့ ကုတင်ပေါ်မှာ
အိပ်မောကျနေတဲ့ ရှောင်းကျန့်ကို လှမ်းကြည့်
ရှာတယ်။"နင်လည်းဆေးထည့်အုံး"
"အေးပါ။ဒါဆို ငါပြန်ပြီ"
ခေါင်းငြိမ့်လို့ အသိမှတ်ပြုရင်း ရှင်းလီထွက်သွား
သည်ထိ ရပ်ကြည့်နေလိုက်မိတယ်။ထို့နောက်
ကုတင်ပေါ်ကညစ်ပတ်အိုးလေးနားသွားထိုင်ရင်း
ချွေးစို့နေတဲ့နဖူးပြင်လေးကို ပုဝါနဲ့အသာယာ
သုတ်ရင်းသက်ပြင်းချမိတယ်။ဘယ်လောက်တောင်
စိတ်ထိခိုက်သွားလည်း ခံစားမိပြီး ကိုယ့်အပေါ်
အရမ်းချစ်ခဲ့တာသိတော့ ၀မ်းလာသာရပြန်သည်။"အင်း....!"
"ရှောင်းကျန့်!သတိရပြီလား"
ပျာပျာသလဲနဲ့သူ့ပုံစံက ရှောင်းကျန့်ကို မထိနိုင်
မကိုင်နိုင်။နောက်ဆုံး ပခုံးနှစ်ဖက်ကနေ အသာ
ယာဆွဲယူလို့ ထူပေးလိုက်ရင်း ရင်ခွင်ထဲမှီထား
စေလိုက်တော့"ငါ့ကိုမဖက်နဲ့။ဖယ်..."
"ငြိမ်ငြိမ်နေ။ဆေးသောက်ရအောင်လို့"
"မသောက်ဘူး။ဒါ မင်းမိန်းမပေးသွားတာပဲမလား"
"ရှောင်းကျန့်။တအားမအော်နဲ့။မင်းအသံတွေ
ပြာနေပြီ"ရုန်းချင်နေတဲ့ လက်ကလေးနှစ်ဖက်က
သိပ်မချူပ်လိုက်ရဘဲ ငြိမ်ကျသွားတယ်။
တအိအိနဲ့ငိုနေတဲ့ ရှောင်းကျန့်ကြောင့်သူလည်း
စိတ်မချမ်းသာနိုင်။"ငါ...."
"လမ်းခွဲပေး"
"ရှောင်းကျန့်!"
"ငါ့ကိုလမ်းခွဲပေး။ပြီးခဲ့တဲ့ ဘ၀က ငါ့ကိုချစ်ခဲ့တဲ့
တစ်စုံတစ်ယောက်နဲ့နှိုင်းယှဉ်ပြီး မင်းနားမှာ
ကပ်တွယ်မနေချင်တော့ဘူး။""ငါမလုပ်ပေးနိုင်ဘူး"
"ဘာလို့လဲ။မင်းလည်း အနိုင်ရသွားပြီးပြီ။ငါလည်း
အရူံးပေးတာမလို့ ငါ့ကိုလက်လွှတ်ပေးပါတော့။
ငါမင်းကို ချစ်လာအောင်မကြိုးစားချင်တော့ဘူး!"
YOU ARE READING
'Love' is in the boxing ring{Completed}
Fanfictionရန်သူက ချစ်ဖို့ကောင်းလာရင် ထိုးခဲ့လိုက်ပါ နှုတ်ခမ်းနဲ့..... ရန်သူက ချစ်ဖို့ကောင်းလာရင် ထိုးခဲ့လိုက်ပါ နှုတ်ခမ်းနဲ့.....