- 11 -

1.7K 257 39
                                    

Summer Donatella ( 11 )

Unicode

ယွန်းဂီတစ်ယောက် နှေးနှေးကွေးကွေးလမ်းလျှောက်
လာရင်း ထိုစားဝိုင်းထဲဝင်ထိုင်လိုက်သည်

" ဘာလဲ ? ဘယ်သူ့မွေးနေ့ မို့ကျွေးတာလဲ "

ထယ်ယောင်းက ပလုပ်ပလောင်းနဲ့ တစ်ဖြဲနှစ်ဖြဲစား
နေတာများ ပြန်မဖြေအားဘူး
ဘေးမှာ နမ်ဂျွန်နဲ့ ဟိုဆော့ကလည်း အသာငြိမ်ပြီး
စားနေကြသည်
ယွန်းဂီလဲ ဘာမှမပြောတော့ဘဲ စားဖို့ပြင်လိုက်သည်

" ဟာ ! ငါကြိုက်တဲ့ ဟာတွေချည်းပဲ ဒီကို ထမင်း
တစ်လုံးပေးပါဗျို့ "

ယွန်းဂီက ထမင်း လှမ်းမှာရင်း ပုစွန်ကင်ကို တူနဲ့
ကောက်ညှပ်လိုက်သည်

" ဒါနဲ့ ဘယ်သူကျွေးတာလဲဆိုနေ ? "

" အစ်ကိုလေ "

တူနဲ့ညှပ်ထားတဲ့ ပုစွန်ကင်လေးက တူထဲက ဖုတ်ခနဲ
ပြုတ်ကျသွားသည်

" ဘာဖြစ်တယ် "

" ဟုတ်တယ် အစ်ကိုပဲပြောထားတာလေ ကျွန်တော်
ဒီတီးဝိုင်းအဖွဲ့ထဲဝင်ဖြစ်ရင် ကျွေးမယ်ဆိုတာလေ "

ထယ်ယောင်းကို ယွန်းဂီက မျက်မှောင်ကြုတ်ရင်း အကြာ
ကြီး ကြည့်လိုက်သည်

" ထမင်းမယူတော့ဘူး "

စားပွဲထိုးလေးကို တစ်ချက်လှမ်းပြောလိုက်ပြီး
ဘာမှဆက်မစားတော့ပေ
တကယ်က ရှင်းရမှာမို့ ဘာမှ ဆက်မစားနိုင်တော့တာ

ခဏနေတော့ ယွန်းဂီရဲ့ အဖေဖြစ်သူကိုယ်တိုင်က
ရောက်လာပြီး ဝင်ထိုင်လိုက်သည်

" အဖေ ? "

" ဟာ စားစရာတွေကအများကြီးပဲ ဗိုက်ဆာနေတာ
နဲ့အတော်ပဲ ထယ်ယောင်းရာ "

Summer Donatella • Taegi || COMPLETED ||Where stories live. Discover now