- 33 -

1.5K 227 81
                                    

Summer Donatella ( 33 )

Unicode

အချိန်ကတော်တော်လင့်နေပြီမို့ ဟာယောင်း ဆက်
မစောင့်တော့ဖို့ ဆုံးဖြတ်လိုက်သည် ။

" ဟာယောင်း ? "

လှည့်အထွက်မှာ ထယ်ယောင်းက ရောက်လာသည် ။

" တောင်းပန်ပါတယ် သူငယ်ချင်းတစ်ယောက် အရေး
ပေါ်ကိစ္စလေးရှိလို့ သွားလိုက်လို့ "

" ကြည့်ရတာ အဲ့လူက ရှင့်အတွက်အရေးကြီးပုံပဲ "

ထယ်ယောင်းက ဘာမှမပြောတော့ဘဲ ခုံမှာထိုင်
လိုက်သည် ။

" မင်း စေ့စပ်ပွဲပျက်သွားတယ်လို့ ငါကြားပါတယ် ။
စိတ်မကောင်းပါဘူး ငါ့ကြောင့်နဲ့ .... "

" မဟုတ်ပါဘူး ။ ရှင့်ကြောင့်မဟုတ်ပါဘူး ။ သူက
အလုပ်လည်းများတယ်လေ ကျွန်မက စိတ်နှောင့်
ယှက်အောင်လည်း လုပ်နေမိတယ် ။ သဘောထား
ချင်းမှ မတိုက်ဆိုင်ကြတော့ ခုလိုဖြစ်သွားတာ ။
ရှင်ရော တစ်ယောက်တည်းအဆင်ပြေရဲ့လား "

ထယ်ယောင်းက ခေါင်းကိုပဲငုံ့ထားပြီး ဘာမှမပြော ။

" အင်း ... ကျွန်မသိပါတယ် ။ ကျွန်မလည်း အခု
ပြောင်းလဲရတော့မယ် ။ အစကတော့ စေ့စပ်ပွဲပျက်
သွားရင် အပျော်ဆုံးသူက ကျွန်မဖြစ်မယ်ထင်တာ ။
အခုဝမ်းနည်းနေရတဲ့သူက ကျွန်မပဲ ။ "

" မင်းအတွက် စိတ်မကောင်းပါဘူး "

" ရပါတယ် ။ ကျွန်မ အစတုန်းက ရှင့်ကိုဘာလို့
မသိချင်ယောင်ဆောင်ခဲ့လဲသိလား "

ထယ်ယောင်းက ဟာယောင်းဘာပြောလာမလဲ
စောင့်လိုက်သည် ။

" ကျွန်မ ဒီကိုပြန်လာတယ် ။ မိဘတွေစီစဥ်တဲ့
အတိုင်း နေခဲ့ရပြီး ရှင့်က ကျွန်မရဲ့အစီအစဥ်ထဲ
ပါမလာခဲ့ဘူး ။ ဒါကြောင့်ပါ ။ အခုကျွန်မရဲ့ အစီ
အစဥ်ထဲမှာ ရှိတဲ့သူက ထွက်သွားပြန်ပြီ "

" မင်း တော်တော်ခံစားနေရပုံပဲ ။ မင်းသူ့ကိုချစ်မိ
သွားတာထင်ပါတယ် "

" ကျွန်မ မသိတော့ပါဘူး ။ အခုရောက်လာပေးတာကို ကျေးဇူးတင်ပါတယ် ။ နည်းနည်းတော့ ပေါ့သွား
တယ် "

Summer Donatella • Taegi || COMPLETED ||Where stories live. Discover now