- 12 -

1.6K 245 18
                                    

Summer Donatella ( 12 )

Unicode

ဆော့ဂျင်က မျက်နှာမကောင်းတာ သိသာသည်
ယွန်းဂီလည်း ခြေမကိုင်လက်မကိုင်မိနဲ့ စိတ်ထဲက
နမ်ဂျွန့်ကိုသာ ဆက်တိုက် မေတ္တာပို့နေမိသည်

" ဒီခွေးကောင်ကတော့ ...  "

" ငါ့ကိုပြောတာလား "

ဆော့ဂျင်က မျက်နှာတည်ကြီးနဲ့ ယွန်းဂီကိုလှမ်းကြည့်
လိုက်သည်

" အာ မဟုတ်ပါဘူး ဆော့ဂျင်ရာ "

ထို့နောက် ဆော့ဂျင်က သူလုပ်စရာရှိတာဆက်
လုပ်နေသည်

" ဆော့ဂျင် Ah ! နမ်ဂျွန်ကလေ  ...  "

" မပြောပါနဲ့တော့ ငါလည်း မတွေးချင်တော့ဘူး "

တကယ် စိတ်တိုဖို့ကောင်းအောင် ဆော့ဂျင်က ပိုဝမ်း
နည်းပြနေသည်

" Yahhh မပူနဲ့ ငါ့မှာအကြံတစ်ခုရှိတယ် အဲ့တာ
နဲ့ဆို မင်းသေချာပေါက်အဆင်ပြေမှာ "

" လုပ်ပြီ သေချာလို့လား "

ဆော့ဂျင်က စိတ်မဝင်စားဟန်ဖြင့် ပြောသည်

" တကယ်ပါဆို လာ ငါနဲ့လိုက်ခဲ့ "

                                     //

အဆောင် ဝရံတာကနေ ကျော်ခွပြီး အသာလေး
ယွန်းဂီကတက်လာသည်
ဟိုဆော့က ဘောင်းဘီမဝတ်ရသေးဘဲ အောက်ခံ
ဘောင်းဘီနဲ့ တို့လို့တန်းလန်း

" အား အစ်ကို !!!!! "

မင်ယွန်းဂီက ဂရုမစိုက်သည့်အပြင် ရှေ့တိုးလာပြီး
ဟိုဆော့ကို မေးလိုက်သည်

" ဟေ့ကောင် နမ်ဂျွန်ရော "

" နေပါဦး ! ဘယ်လိုဖြစ်လို့ ခဏခဏ ဒီအဆောင်ကို
စိတ်ရှိတိုင်းလာနေတာတုန်း "

Summer Donatella • Taegi || COMPLETED ||Where stories live. Discover now