အပိုင်း ၁
တီ...တီ...တီ.....
နာရီနှိုးစက်သံ ကျယ်လောင်စွာထွက်ပေါ်လာသည်နှင့် ကျင့်
သားရနေပြီဖြစ်သော မျက်လုံးများကအလိုလိုပွင့်လျက်သား ။
အချိန်ကိုကြည့်တော့ ၆ နာရီ ။အိပ်ရာမှထ ရေချိုးခန်းထဲဝင်
မျက်နှာသစ်သွားတိုက်ပြီးသည်နှင့် မီးဖိုချောင်သို့ဝင်လာခဲ့
တော့သည် ။မနက်စာအဖြစ်ရိုးရိုးရှင်းရှင်း ထမင်းကြော်နှင့်
ကြက်ဥကြော်သာ စီစဉ်ပြီး ထမင်းဗူးအတွက် ကြက်သားလေး
ကိုကြော်ကာ ထားလိုက်သည် ။မီးဖိုချောင်ထဲ ကိစ္စဝိစ္စပြီးတော့
အချိန်ကား ၇နာရီတောင်ထိုးတော့မည်ဖြစ်သည် ။
ထို့ကြောင့် လုပ်လက်စများကို ခေတ္တရပ်ကာ တစ်စုံတစ်ယော
က်ဆီသို့ အပြေးသွားရတော့သည် ။"ဘေဘီ ထတော့ ၇နာရီထိုးပြီ...."
အသံကိုအချိုဆုံးထားကာ နှိုးလိုက်သော်လည်း စောင်ပုံလေး
မှာ တုတ်တုတ်တောင်မလှုပ်ပေ ။"ဘေဘီ ထတော့လေ ကျောင်းသွားရမယ်...."
ဒုတိယအကြိမ်မှာတော့ စောင်ပုံလေးအနည်းငယ်လှုပ်လာပြီ ။
သို့သော် ထမလာသေး ။"ဘေဘီ ထတော့ဆို ပါး စိတ်တိုလာပြီနော်...."
ဆူအောင့်အောင့်အသံနှင့်ပြောလိုက်တော့ စောင်ပုံထဲမှ တခစ်
ခစ်နဲ့ အသံတိုးတိုးလေးထွက်လာလေသည် ။သူလည်း အသာ
ပြုံးလိုက်ရင်း စောင်ကိုဆွဲလှန်လိုက်တော့ စောင်အောက်တွင်
ပြုံးစိစိမျက်နှာထားနဲ့ပေါက်စလေးတစ်ကောင်ကိုတွေ့လိုက်ရ
သည် ။
ဖြူဥနေသော အသားအရေနှင့် နီရဲရဲနှုတ်ခမ်းပါးလေးက
သူ့ဆီကအမွေအနှစ်ဖြစ်သည် ။နှာတံနှင့်ကြည်လင်ပြီးလှပလွန်း
သောမျက်လုံးတစ်စုံကတော့ အင်း တစ်စုံတစ်ယောက်နဲ့
သိပ်ကိုတူလွန်းလှပေသည် ။ ကာတွန်းရုပ်လေးတွေပါသော
အပြာရောင်အပေါ်အောက်ဆင်တူဝမ်းဆက်လေးနဲ့သားဟာ
သိပ်ကိုချစ်စရာကောင်းလှသည် ။"ပါး...."
"မောနင်း ဘေဘီ...."
ရင်ခွင်ထဲတိုးဝင်လာသော သားလေးကိုပြန်လည်ထွေးပွေးထား
ရင်း စက္ကန့်ပိုင်းလောက်ငြိမ်နေမိသည် ။
နှင်းသက်ဝိုင် တစ်ယောက်သူ့ရဲ့ချစ်လှစွာသောသားငယ်
ရှင်းသန့်ဝိုင် အားကြည့်ကာ အတိတ်ကနေ့ရက်တစ်ချို့ကို
ခရီးလွန်သွားမိလေသည် ။
KAMU SEDANG MEMBACA
I Will Always Lo♥e You ( Uni & Z )
Romansa' good bye ' လို့နှုတ်ဆက်ခဲ့တာ မချစ်လို့မဟုတ်မှန်း မင်းသိအောင် ပြောပြချင်မိပါရဲ့....မောင် ရှင်းသန့်မင်းမာန် ♥ နှင်းသက်ဝိုင်