Part 8

7.4K 415 12
                                    


စွတ်ပြုတ်ကျက်ပီ ပန်ကန်လေးတစ်လုံးထဲထည့်စေကာ
အပေါ်ကိုယူလာခဲ့လိုက်သည် အခန်း ထဲရောက်တော့
ကလေးပေါက်ကအိပ်တုံး စွတ်ပြုတ်ပန်ကန်လေးကို
ဘေနားအသာလေးကျကာ ကလေးပေါက်ကို ကြည့်တော့
တော်တော်ကိုအိပ်မောကျနေတာ ပါစပ်လေးဟကအိပ်နေတာ
လေးကချစ်စရာလေး သူသိပ်မြတ်နိုးရတဲ့ နှဖူးပြင်လေးအား
အနမ်းဖွဖွပေးလိုက်သည် ခပ်နွေးနွေးအထိတွေကြောင့်
ဒီကလေး ကိုယ်တွေပူနေတာလာ ကျစ်
ညကအရမ်းပင်ပန်းသွားလို့ဖြစ်မယ် စောစောကသေချာ
မကြည့်လိုက်မိတာနိုးရမယ်ဆေးသောက်ပီမှအိပ်ခိုင်းရမယ်

"အသည်းလေး ကလေးလေး ထ ကိုယ်တွေပူနေတယ်"

"အင်းး Daddy ကျန်ကျန် အိပ်ချင်သေးတယ်"

မျက်လုံးလေးမပွင့်ဘဲ ညည်းညူနေတဲ့ ကလေးပေါက်
ကိုယ်လေးအား ရင်ခွင်ထဲပွေ့ယူလိုက်သည်
ကိုယ်လုံးလေးကနွေးတေးတေး အဖျားရှိန်ကြောင့်
ပါးလေးတွေ နှာခေါင်းလေးတွေကရဲနေတာဘဲ
နီတာရဲလေး ချစ်စရာလေး

"မအိပ်နဲ့အုံးနော် ထ ကိုယ်တွေပူနေတယ် ဆေးသောက်ပီမှ
ဆက်အိပ်နော် Daddy အသည်းလေးကြိုက်တဲ့
ကြက်သားစွတ်ပြုတ်ပူပူလေး ထည့်လာတယ်
သောက်လိုက်နော် ပီဆေးသောက်ရမယ်
နောက်မှအိပ်နော်"

ဆေးသောက်ရမယ်လဲပြောလိုက်ရော မျက်လုံးလေးတွေ
ဖွင့်လာကာ အတင်းခေါင်းခါတော့သည်

"ကျန်ကျန် ဆေးမသောက်ချင်ဘူး Daddy
မတိုက်ပါနဲ့နော်နော် အဲ့ဆေးတွေ ကျန်ကျန် မုန်းတယ်"

"မသောက်လို့မရဘူးလေ ဆေးသောက်မှ အဖျားပျောက်မှာ
အဖျားပျောက်မှ ကျောင်းသွားလို့ရမှာပေါ့
သောက်လိုက်နော် အသည်းလေး "

အသည်းလေးဖျားရင်သူမှာ ပျာယာခက်ရတယ်
နေမကောင်းပီဆို ဆေးထိုးဆေးသောက်ရမှာ
အရမ်းကြောက် သူမှာဆေးသောက်ရအောင်နည်းအမျိုးမျိုး
ချော့မော့တိုက်ရတာ အဲ့အချိန်ဆိုအရမ်းလဲ
ဂျီကျတက်သလို အရမ်းချွဲလို့
အရမ်းဘဲအချစ်ပိုရပြန်တယ် သူတော့ပျော်ပါတယ်
ဘာလို့ဆို နေမကောင်ရင်သူနားအရမ်းကပ်တာ
အသည်းလေးနေမကောင်းတဲ့အချိန်ဆို သူမှာ
ရှိသမျှအလုပ်တွေပစ်ထားခဲ့ကာ ကလေးပေါက်နားနေရတယ်
အနားမရှိရင် ယုန်လေးအတိုင်း အသည်းငယ်ပြန်ရော
ပုံမှန်ဆို ကလေးလူကြီးလုပ်နေတာ ဒီလိုအမူရာလေးတွေ
ကစိတ်ဆိုးစိတ်ကောက်တဲ့အချိန်ရယ် ဖျားတဲ့အချိန်ရယ်
ဘဲတွေ့ရတာ အခုလဲဂျီကျပြန်အုံးမယ်

Daddy ရဲ့အသည်းလေး🦁🐰💖(ရပ်နား😔)Where stories live. Discover now