ရိပေါ အခုတလော စိတ်ရှုပ်စရာတွေသာများနေသည်
အလုပ်ကပင်ပန်းတာကော အသည်းလေး နဲ့ ဟွာကြား
သူမှာ နေရထိုင်ရခက်နေသည် အသည်းလေး
ကိုပြောခဲ့တာတွေအတွက် သူဘဲ အခုနေမထိ
ထိုင်မသာဖြစ်နေရသည် ဒီနေ့ စောစောပြန်ပီ
အသည်းလေး အကြိုက် ပင်လယ်စာဝယ်ပီ ချော့ရမယ်"ဒေါက် ဒေါက် ကိုကို ဟွာဝင်လာမယ်နော်"
"ကိုကို ညကျ ဟွာ နဲ့ အပြင်မှာ
ညစာသွားစားရအောင်နော် ကိုကိုနော်"သူအနားလာကာ သူ လက်အား
လာကိုင်ကာ မူရာပိုကာလှုပ်ယမ်း ပြောနေတဲ့ ဟွာလက်အား သူဆွဲဖြုတ်လိုက်သည် သူဒီနေ့ တော့ ဟွာကိုသိအောင်ပြောရမယ်လို့ ဆုံးဖြတ်ထားလိုက်သည် ဟွာ သူပေါ ဘယ်လိုသဘော ထားလဲဆိုတာ သူမသိလို့တော့ မဟုတ် ဟွာက သူအတွက် အရေးမပါလို့လဲ ဟွာခံစားချက်တွေကို သူမသိဟန်ဆောင်ခဲ့ချင်းသာ အဲ့ဒါကဘဲ ဟွာအတွက် မျော်လင့်ချက်
ဖြစ်စေမိသလားဘဲ"ဟွာ မနက်ဖြန် ကစပီ ကိုယ်ငှါးပေးထားတဲ့ ကွန်ဒိုမှာ
သွားနေရမယ်""ဘာဖြစ်လိုလဲ ကိုကို"
"ဟွာ ကိုယ်ဘဝမှာ အသည်းလေး က အရေးကြီးဆုံးဘဲ
အသည်းလေး အတွက် စိတ်အနှောက်ယှက် ဖြစ်တဲ့
ဘယ်အရာမဆို အဲ့ဒါ ကိုကိုယ့်တိုင် ဖြစ်နေရင်တောင်
ကိုယ်ခွင့်မပြုသလို ကိုယ်ခွင့်လဲမလွှတ်ဘူး အဲ့ကြောင့်
အသည်းလေးစိတ်အနှောက်ယှက် ဖြစ်တာ မှန်သမျှ
ကိုယ်ထားမှာ မဟုတ်ဘူး ""ကိုကို ဘာလို့ သူကိုကျ အဲ့လောက်တောင် ချစ်တက်ပီ
ဘာလို့ ဟွာအချစ်တွေ ဟွာခံစားချက်တွေကျ ဘာလို့မသိဟန်
ဆောင်နေရတာလဲ ကိုကို မသိဘူးလိုတော့ မငြင်းနဲ့နော်""ဟွာ မင်းက ချစ်စရာကောင်းပီ အရမ်းလှတဲ့ မိန်းကလေး
တစ်ယောက်ပါ မျှော်လင့်ချက်တွေနဲ့ ကိုယ့်အနားမှာ
ကပ်တွယ်နေရင် မင်းအချိန်တွေပုပ်တာဘဲ ရှိလိမ့်မယ် ကိုယ်
မင်းကို စိတ်ဝင်စားဘူး ""ဟွာအချိန်တွေ ပုပ်တယ်လို့ ဘယ်သူပြောလဲ
ဟွာရဲ့အချိန်တွေကို ဟွာချစ်ရတဲ့ကိုကိုနားမှာ
အကျိုးရှိရှိအသုံးချနေတာလေ ဟွာ ကိုကို ကိုယ်ချစ်တယ်"
![](https://img.wattpad.com/cover/230914043-288-k367644.jpg)
YOU ARE READING
Daddy ရဲ့အသည်းလေး🦁🐰💖(ရပ်နား😔)
Romanceဒီficထဲမှာတော့ ရှောင်ကျန်ကို ချစ်စရာကောင်းပြီး လောကကြီးအကြောင်းမသိသေးတဲ့ အဖြုထည်လေးအနေနဲ့တွေ့ရမှာဖြစ်p ဝမ်ရိပေါကိုတော့ အလွန်ချောမောp ပျိုတိုင်းကြိုက်တဲ့နှင်းဆီကိုင်း အနေနဲ့ ပွေရှုပ်p မာယာများတဲ့ ဆွဲဆောင်မှုရှိတဲ့ အမျိုးသားအနေနဲ့ တွေ့ရမှာဖြစ်ပါတယ် ...