Part 18

4.2K 430 42
                                    

ပြုံးဖီးနေတဲ့ Daddy ဘေးနားကမိန်းကလေးနဲ့
ဘာတွေများ စကားတွေ ဖောင်ဖွဲ့ပြောနေလဲမသိဘူး
သူရောက်နေတာတောင်မသိရအောင် သွားတွေ
အအေးပက်မှာတောင် ဆိုးရတယ် ဒါနဲ့နေပါအုံးဒီမိန်းမ
ဘယ်သူလဲ ဘာလို့ဒီမှာရှိနေရတာလဲ Daddy ကကော
ပြန်ရောက်တောတောင် သူကို လာမကြိုဘူး မဟုတ်မှ Daddy မိန်းမယူလာတာတော့ မဟုတ်ဘူးမှတ်လား
များစွာသော မေးခွန်းတွေနဲ့ အ​တွေးတွေထဲ ချာချာလည်နေပီDaddy မဟုတ်ဘူးမှတ်လား ဟာ ဘာဖြစ်ဖြစ်
သူနဲ့မဆိုင်ဘူး သာယာနေတဲ့ Daddy တို့ကို
မနှောက်ယှက်ချင်တာနဲ့ နှုတ်မဆက်ဘဲနဲ့သာ
အပေါ်ကိုသာ သူ တက်သွားလိုက်သည်

"အသည်းလေး ပြန်လာပီ နောက်ကျလိုက်တာ
Daddy က အသည်းလေး စောင့်နေတာ"

"ကိုကို ဒါ ကိုကို သားလား ဟွာနဲ့မိတ်ဆက်ပေးအုံးလေ"

Daddy လက်အား လာချိတ်ကာ ပစ်ချွဲချွဲအသံနဲ့
ပြောနေတဲ့ ထိုမိန်းကလေး Daddy ကိုလဲ
ကိုကိုတဲ့ Daddyကကော အဲ့လိုခေါ်ခွင့်ပေးထားတာ
ဘဲလား ချိတ်တွဲ ထားတဲ့လက်တွေအား သူအလိုမကျစွာ
ကြည့်နေလိုက်သည် ဒါကို Daddy က ရိပ်မိတယ်
ထင်ပါတယ် ထိုမိန်းကလေးလက်အား ဖြုတ်ချနေသည်

"အော် မိတ်ဆက်ပေးရအုံးမယ် အသည်းလေး ဒါ
Daddy မိတ်ဆွေရဲ့ သမီး ဟွာဟွာတဲ့ ဒီမှာခဏ
လာနေမယ် ဟွာ ဒါ "

"ဒါ ကိုကိုရဲ့သား မှတ်လား ချစ်စရာလေးဘဲ"

သူပြောလို့မဆုံးသေး ဟွာဖျက်ပြောလိုက်တဲ့ စကားကြောင့်
အသည်းလေး ကသူအားကြည့်လာသည် သူအပစ်ပိုကြီးသွားပီထင်တယ် သူပြောချင်တာအဲ့လိုမဟုတ်

ဘာ သား Daddy ကိုကြည့်တော့ အင်းမလုပ်အဲမလုပ်နဲ့
သူပိုပီခံရခက်လာသည် အင်းပေါ့ အခုတော့ကျွန်တော်ကသား
ပေါ့ Daddy ခင်ဗျာ အရမ်းလွန်တယ် ဘာစကားမှ
ပြောချင်စိတ်မရှိတော့တာကြောင့် သူထွက်လာလိုက်သည်

သူအခန်းထဲ ကြည့်တော့ သူပစ္စည်းတွေ တစ်ခုတလေမှမရှိ
ခရီးဆောင်အိတ်လဲ တွေ့ရတာကြောင့် ဒါဟိုမိန်းမနေမှာနဲ့တူတယ် အောက်မှာအခန်းတွေရှိရက်နဲ့ ဘာလိုသူအခန်းလဲ
ကျစ် ဒေါသထွက်တယ် Daddy ကိုပြောရမယ်
Daddyခင်ဗျား လုပ်ချင်တိုင်း လုပ်လို့ရမလား
Daddy သူကိုအလေးမထားတာ များနေပီ ပထမ
သူအသိမပေးဘဲ ဟွာဆိုတဲ့ မိန်းမအိမ်ခေါ်လာတယ်
ဒုတိယ သူစီခွင့်မတောင်းဘဲ သူအခန်းကိုပေးနေတယ်
အား Daddy အရမ်းလွန်တယ် Daddy အခန်းသို့
ထွက်လာလိုက်သည်

Daddy ရဲ့အသည်းလေး🦁🐰💖(ရပ်နား😔)Where stories live. Discover now