(Yibo လေးမွေးနေ့အတွက် ရေးပေးတာပါရှင်..နောက်ကျနေပေမဲ့..အမှတ်တရပေါ့နော်)
🎉🎉🎉
"😘"
လန်ဝမ့်ကျီးက အရှေ့ကလူကို ကြားကခံနေသည့် စားပွဲလေးကိုကျော်ကာ နမ်းလိုက်ပြီးမှ ခပ်အေးအေးပင် အိနြေ္ဒရရပြန်ထိုင်သည်။
ဝေ့ဝူရှန်းက သူနမ်းလိုက်သည့် ပါးတစ်ဖက်ကို လက်ဖြင့်အုပ်ကာကိုင်လိုက်ရင်း ဘုကြည့်ကြည့်သည်။
"လန်ကျန့်..မဟုတ်သေးဘူး ထင်တယ်နော်.."
"ဘာကိုလဲ..ဝေ့ရင်း..?"
လန်ဝမ့်ကျီးက မျက်နှာတည်ဖြင့်ပင် ပြန်မေးသည်။
"အခုဟာက.. မင်းဘက်ကချည်းပဲ နိုင်နေသလိုပဲ.."
"အခု ငါ ရှုံးလို့..စည်းကမ်းအတိုင်းနမ်းလိုက်တာလေ.."
"မင်းဟာကလဲ..ငါ့ကျတော့.."
"ခုနကကျ ငါ မေးတာ မင်းဖြေနိုင်လို့လေ.."
ဝေ့ဝူရှန်း ဘာဆက်ပြောရမှန်း မသိဖြစ်သွားသည်။
လန်ဝမ့်ကျီး တစ်ယောက်က အိနြေ္ဒပင် မပျက်ပါပေ။
ဟုတ်ပါသည်။ သူတို့အခု အဆောင်ထဲမှာ ကစားပွဲလေး ကစားနေကြတာဖြစ်သည်။
လန်ဝမ့်ကျီး က သူ့ဘာသာ စာဖတ်နေသည်ကို.. ခပ်ကြာကြာငြိမ်နေရသည်ကို ပျင်းလာသည့် ဝေ့ဝူရှန်းက အမျိုးမျိုးမွှေနှောက်ကာ အပျင်းပြေ တစ်ခုခုဆော့ရအောင်ဟု ပူဆာသောကြောင့် သူတို့ကစားဖို့အကြောင်းဖြစ်လာသည်။
ရှန်းချီ နှင့် ဝေ့ချီ(Chinese Chess) တို့ကို ကစားဖို့ကျတော့လည်း အချိန်ကြာလွန်းသည်ဟုဆိုကာ ဝေ့ရင်းက ငြင်းသည်။
သူက ငြိမ်ငြိမ်လေးထိုင်ရသည့် ကစားနည်းများကို ပျင်းလှသူဖြစ်သည်။
ထို့ကြောင့် အလွယ်ဆုံးကစားနည်းဖြစ်သည့် ပဟေဠိဝှက်တမ်းကို ကစားကြသည်။
ကစားနည်းကို ဝေ့ဝူရှန်းက ရွေးတော့ဆုကြေး နှင့် ဒဏ်ကြေးကို လန်ဝမ့်ကျီးကရွေးသည်။
ကစားနည်းက ရိုးရှင်းသလိုပင် ဆုကြေး၊ ဒဏ်ကြေးကလည်း ရိုးရှင်းသည်။
ESTÁS LEYENDO
I Know you Deeply in my Heart (Zawgyi) (Complete)
Fanficပထမဆုံးရေးတဲ့ Wangxian fanfics လေးပါ။ ကိစ္စအားလုံးဖြေရှင်းပြီးသွားတဲ့ အချိန် ဝေ့ရင်းတစ်ယောက် တိမ်လွှာနန်းမြိုင်နဲ့ ယွင်မုန့်မှာ တလှည့်စီလိုက်နေတဲ့ အချိန်မှာ တည်ထားပါတယ်။ ဖတ်ပြီးရင် သင့်ခံစားချက်လေးတွေ ရေးသွားပေးပါဦးနော။