အခန်း(၆)ဆွံ့အနေသော

1.4K 155 3
                                    

လီချင်းနန်းဆောင်အတွင်းသို့ ကျန်းပေဝမ်သည် သန်မာထွားကြိုင်းသော အသွင်၊တောက်ပသော ရွှေရောင်ဓားရှည်ကို ကိုင်ဆောင်ကာ စစ်မြင်းကိုစီးရင်း ရောက်ရှိလာသည်။ သူ၏ခြေသံအစုံသည် လေပြင်းတစ်ခုကိုပင် ဖန်တီးနိုင်သဖွယ်။

လှပသောသလွန်စောင်းတွင် မျက်စိမှိတ်ကာ အနားယူနေသော ကြင်ယာတော်သည် သလွန်ပေါ်မှ အလျှင်အမြန်ဆင်းကာ ကျန်းပေဝမ်အား နှုတ်ဆက်စကားဆိုလိုက်သည်။

"အရှင် ... "

ကျန်းပေဝမ်တစ်ချက်စောင်းငဲ့ကြည့်လိုက်သည်နှင့် ရှန်ယုမြေပေါ်မှာဒူးထောက်နေသည်ကို တွေ့လိုက်ရသည်။သူ၏ပါးလွှသောခန္ဓာကိုယ်သည် အလွန်ပိန်လှီနေသဖြင့် လေပြင်းတစ်ချက်တိုက်လျှင်ပင် လွှင့်ကာပျောက်ကွယ်သွားနိုင်သည်။

"သူကဘာလို့ဒီမှာရှိနေတာလဲ"

ကျန်းပေဝမ်က သာမန်ကာလျှံကာ မေးလိုက်သည်။

ကြင်ယာတော်က အထစ်ထစ်အငေါ့ငေါ့ဖြင့် "အဲ... အင်း... သူကအခုမှ နန်းတော်ထဲရောက်ပြီး ရိုသေလေစားမှုမရှိ မသိတတ်ဘူး ဖြစ်နေလို့ စည်းမျဥ်းတွေ သူ့အတွက် သတ်မှတ်ပေးနေတာပါ"

"စည်းမျဉ်း...ဟုတ်လား"

ကျန်းပေဝမ်သည် မျက်ခုံးနှစ်ဖက်လုံးကိုကြုတ်ကာ ခက်ထန်သော အသွင်ဖြင့်

"မင်းဒီလောက်စည်းကမ်းကြီးတာ သူကဘာတွေလုပ်မိလို့လဲ"

မင်းသမီးကချက်ချင်းပင် "သူကဒီရောက်တာတောင် မကြာသေးဘူး နန်းဆောင်က ကြင်ယာတော်ကို မနက်ခင်းနှုတ်ဆက်ရမယ့် ကျင့်ဝတ်ကို မသိကျိုးကျွံလုပ်ပြီး နေ့လည်မှ ရောက်လာခဲ့တယ်လေ အဲ့တာကို စကားလေး နည်းနည်းမေးမိတာနဲ့ အရှင်ကသူ့ကို မျက်နှာသာပေးထားတယ်ဆိုပြီး လူကိုမခန့်လေးစားလုပ်နေတာနဲ့ စိတ်ဆိုးမိလို့ ဒူးထောက်ခိုင်းထားတာပါ"

ကျန်းပေဝမ်က မျက်လုံးများကို စူးစိုက်ကြည့်ရင်း " ဒီအချိန်အထိ ဒူးထောက်ခိုင်းထားတာပေါ့ ?"

"အင်း ... နှစ်နာရီ၊ သုံးနာရီလောက်လား ... ပေါ့"

ကျန်းပေဝမ်မျက်နှာ​တွင် ဘာအပြောင်းအလဲမှ ရှိမနေ

တိတ်ဆိတ်ချစ်သူ(မြန်မာဘာသာပြန်)حيث تعيش القصص. اكتشف الآن