အခန်း(၃)မင်္ဂလာသေရည်တစ်ခွက်,ကောင်းမွန်သောညစာ

2.4K 209 2
                                    

"ငါကိုယ်တော် အခုချက်ချင်း မင်းကိုအလိုရှိတယ်"

ကျန်းပေဝမ်သည် လက်တစ်ဖက်တည်းနှင့် ရှန်ယု၏ခါးကိုတိုက်ရိုက်ပွေ့ကာ လွယ်လွယ်ကူကူ ကောက်ယူနိုင်ပြီး သလွန်ပေါ်လျှောက်သွားကာ သူ့ပေါင်ပေါ်မှာ ထိုင်စေသည်။

သူ့လက်ဝဲလက်၌ ဝိုင်တစ်မျိုးကိုလည်း ကိုင်မြှောက် ထားလေသည်။

"သောက်လိုက်"

ရှန်ယုသည် ဝိုင်ကိုဘယ်လိုသောက်ရမှန်း မသိခဲ့ပါ။ သူ့ကိုကလေးဘဝတုန်းက လူတစ်ယောက်က ဝိုင်အနည်းငယ်ကို လိမ်တိုက်အပြီး နောက်နေ့တွင် သူတစ်နေ့ကုန် အိပ်ပျော်သွားခဲ့သည်။

ရှန်ယုနှင့် ကျန်းပေဝမ်တို့သည်တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် ရှိနေပြီး သူတို့အလွန်နီးကပ်နေခဲ့သည်။ ကျန်းပေဝမ်၏ဘုန်းတန်ခိုးက သူ့ကိုမနာခံဘဲ မနေရဲအောင် ကြောက်ရွံ့စေပြီး ကျန်းပေဝမ်၏ စကားသည် ကောင်းကင်၏ အမိန့်ကဲ့သို့ဖြစ်သည်။

ရှန်ယုသည် ဝိုင်ခွက်ကို ကောက်ယူပြီး တခါမျှမမြင်ဖူးသလို ကြည့်နေခဲ့သည်။ သူ၏လည်ချောင်းထဲဝင်လာသော ဝိုင်၏အရသာမှာ တဖြည်းဖြည်း ပြင်းရှလာသည်နှင့် တပြိုင်နက် သူလည်း ချောင်းကိုအဆက်မပြတ် ဆိုးနေမိသည်။ ချောင်းဆိုးနေသည်မှာ ရပ်တန့်မသွားဘဲ မျက်ရည်များပင် ကျလာတော့သည်။ ကျန်းပေဝမ်အတွက်တော့ ပို၍စိတ်ဝင်စားစရာ ကောင်းလာသော အပြုအမူ ဖြစ်နေတော့သည်။

ကျန်းပေဝမ်က ကျန်တဲ့ဝိုင်ကို တကျိုက်တည်းနှင့် သောက်လိုက်သည်။ ခေါင်းကိုခါရမ်းလိုက်ပြီးနောက် မျိုချလိုက်သော လည်ဇလုတ်က အထက်အောက်ရွေ့နေပုံကိုပါ တစ်ဆက်တည်း မြင်တွေ့ရသည်။ ​မြင်နေရသည်မှာက လုံးလုံးလျားလျား အရိုင်းဆန်နေသည်။ ရှန်ယု၏ဘဝတွင် ဤမျှခန္တာကိုယ် ကြီးမားပြီး ရန်လိုတတ်သော ပုံစံရှိသူမျိုးကို တခါမျှမမြင်ဖူးခဲ့ချေ။

"ဒါငါတို့ ထိမ်းမြားခြင်းအတွက် ဂုဏ်ပြုဝိုင်ပဲ"

ထိမ်းမြားခြင်းအတွက် ဂုဏ်ပြုဝိုင်?

ရှန်ယုသည် မင်းသားအတွက် အသက်ရှင်ရန်နှင့် အသေခံရန် ဆန္ဒရှိစေဦးတော့ ကံမကောင်းစွာနှင့် သူသည် အစားထိုး အတုအယောင် တစ်ခုမျှသာဖြစ်သည်။

တိတ်ဆိတ်ချစ်သူ(မြန်မာဘာသာပြန်)Hikayelerin yaşadığı yer. Şimdi keşfedin