Part 52

12.9K 934 38
                                    

ဘဝသစ်တစ်ခုစလိုက်ရသလိုပါပဲ....

နောက်ဆုံးတော့ ဦးဘုန်းနဲ့ညရောင်ဟာ လက်ထပ်ပြီးစီးသွားပြီ။ နှစ်ယောက်တစ်အိမ်ထောင်ထူထောင်ပြီးကြပြီ။

ထိုင်ဝမ်ရဲ့မနက်ခင်းဟာမြူတွေအုံ့ဆိုင်းနေသည်။ နေရောင်ခြည်ခပ်ဖျော့ဖျော့က တိမ်တွေကြားကနေထိုးထွက်လာသော်လည်း မြူအုပ်ကိုတော့မတိုးနိုင်။ အခန်းထဲမှာလည်းအဲကွန်းရဲ့အအေးဓာတ်က တစ်ချက်တစ်ချက်စိမ့်စိမ့်လာသည်။ ဒါ့ကြောင့် ဦးဘုန်းက သူ့ဘေးမှာ ပုစွန်လေးလိုကွေးကွေးအိပ်နေတဲ့ညရောင်အပေါ် စောင်ထူထူထပ်ခြုံပေးလိုက်သည်။ မနက်ခင်းအနမ်းအဖြစ် ညရောင်ရဲ့နဖူးကိုအနမ်းတစ်ပွင့်ကြဲချပြီးနောက် ဦးဘုန်းလည်းပြန်အိပ်လိုက်လေ၏။

ဒီလိုနဲ့ပဲ နာရီအနည်းငယ်အကြာမှာတော့ နှစ်ဦးသားနိုးထလာခဲ့ကြသည်။ ရယ်မောသံတွေ၊ စိတ်ကောက်သံတွေကလည်း မနက်တစ်ကျော့ကြွက်ကြွက်ညံလိုက်သေးသည်။ သူတစ်မျိုး၊ ကိုယ်တစ်မျိုးပြင်ဆင်ခြယ်သပြီးနောက်မှာတော့ ဟန်းနီးမွန်းရဲ့အရသာကို စတင်သုံးဆောင်ကြတော့မည်။

ဦးဘုန်းတို့မနက်စာစားဖို့ဟိုတယ်ကနေထွက်လာကြသည်။ ဟိုတယ်အရှေ့မှာအဆင်သင့်စောင့်နေကြတဲ့ စိုင်းနောင်အပါအဝင် bodyguardတွေက ဦးဘုန်းနဲ့ ညရောင်ကိုအရိုအသေပေးကြသည်။ ထို့နောက် မနက်စာစားရန်နေရာတစ်ခုဆီသို့။

ဆင်တူဝတ်စုံဝတ်ထားတဲ့ဦးဘုန်းတို့စုံတွဲကို လူတွေသိပ်ကြည့်လှသည်။ ကဲ့ရဲ့ဝေဖန်လိုသောအကြည့်တွေမဟုတ်။ အားပေးနှစ်သက်တဲ့အကြည့်တွေမျိုး။ ညရောင်ကတော့ တွေ့သမျှလူတိုင်းကိုရယ်ပြနေလို့ ဦးဘုန်းသဝန်တိုရပြန်သည်။ ကောင်မလေးငယ်ငယ်ချောချောလေးတွေကလည်း ဦးဘုန်းကိုကြည့်နေကြတော့ ညရောင်သဝန်တိုရပြန်သည်။ အပြန်အလှန်သဝန်တိုနေကြရင်းနဲ့ပဲ မနက်စာစားရန်နေရာကိုရောက်လာကြသည်။

ဒီတစ်ခါလည်းသီးသန့်ခန်းလေးပဲ။ တိုင်ပေမြို့ရှု့ခင်းကိုမြင်နိုင်တဲ့ အထပ်မြင့်တစ်နေရာ။

"ဗိုက်ဆာနေပြီလားကလေး"

"ဟုတ် နည်းနည်းလေး"

Stolen LoveWhere stories live. Discover now