Extra 1

17.3K 1K 35
                                    

ကျွန်တော့်ဘဝရဲ့မရှိမဖြစ်လေး။ အချိန်နဲ့အမျှ ကျွန်တော့်စိတ်ကိုလွှမ်းမိုးထားတဲ့ကောင်လေး။ တစ်နေ့တစ်ခြားပိုပိုချစ်လာတဲ့အထိကိုစွမ်းတယ်။

ခုလည်း သားသားလေးကိုချော့သိပ်နေတဲ့ညရောင်ဟာ ချစ်ဖို့ကောင်းနေတာ။ တစ်သားမွေးတစ်သွေးလှဆိုတဲ့စကားကသိပ်မှန်သည်။ အရင်ထက်ပိုနူးညံ့လာတာကြောင့် ဦးဘုန်းမှာ ညရောင်ကိုပိုးမွေးသလိုမွေးထားရ‌လေ၏။ ဒီစိတ်တွေကို သားသားလေးသာသိရင်စိတ်ကောက်အုံးမှာ။ ခုကတော့ လေးလသားလေးဆိုတော့ဘာမှမသိရှာဘူးလေ။

"ဦး"

"ဗျာ"

"အဲ့လိုပဲထိုင်ကြည့်နေတော့မှာလား"

"ဟမ် ကလေးကသိတယ်ပေါ့"

"ဦးနော် အဲ့လိုကြီးစိုက်မကြည့်ပါနဲ့ နေရခက်တယ်"

ဦးဘုန်းတစ်ချက်ပြုံးလိုက်ပြီး ညရောင်အနားသွားလိုက်သည်။ ညရောင်ကအိပ်ပျော်သွားတဲ့သားသားလေးကို ကုတင်ပေါ်ချလိုက်သည်။ ဦးဘုန်းက ညရောင်ကိုအနောက်ကနေသိုင်းဖက်လိုက်ပြီး

"မွှေးတယ်"

"ဘာမွှေးတာလဲဗျ"

"ကိုယ်သင်းနံ့ ကလေးရဲ့ကိုယ်သင်းနံ့လေးကသိပ်မွှေးတာပဲ"

ဦးဘုန်းက ညရောင်ကိုတင်းကျပ်စွာဖက်ထားရင်း လည်ဂုတ်လေးကိုဖွဖွနမ်းလေသည်။ ဦးဘုန်းရဲ့သေသပ်စွာရိတ်ထားခြင်းမရှိတာကြောင့် ရေးရေးပေါ်နေတဲ့မုတ်ဆိတ်မွှေးတွေက ညရောင်ကိုယားစေသည်။

"ခိ ခိ ယားတယ်"

"ချစ်တယ်ကွာ"

"ယားတယ်လို့ဆို ခိ ခိ ယားတယ်"

ညရောင်က 'ယားတယ်' ပြောလေ ဦးဘုန်းကပိုနမ်းလေ။

"ဦး ယားတယ်လို့ သားသားနိုးသွားလိမ့်မယ်"

ထိုအခါမှ ဦးဘုန်းကရပ်လိုက်သည်။

"သားသားကချစ်စရာကောင်းလိုက်တာ"

"ဟုတ်ပဗျာ .... အရုပ်လေးအတိုင်း"

အိပ်ပျော်နေတဲ့သားသားကိုကြည့်ရင်း ဖေဖေနှစ်ယောက်ကပီတိဖြစ်နေကြသည်။ မိဘတွေဆိုတာ ကိုယ့်သား၊ သမီးကိုတစိမ့်စိမ့်ကြည့်နေရင်းနဲ့တောင် ကျေနပ်နေတဲ့သူတွေပါ။

Stolen LoveWhere stories live. Discover now