Part 53

12.5K 915 33
                                    

ကိုယ့်အတွေးထဲကဖျောက်ပစ်လို့မရတဲ့အထိ စွဲထင်ပြီးချစ်မိသွားတာမျိုး .... ပြန်အချစ်ခံရတဲ့အခါလည်း တစ်သက်စာပါလို့ရည်ရွယ်ပေမဲ့ မမျှော်လင့်ရဲခဲ့တာမျိုး .... နှလုံးသားချင်းထပ်တူကျပြီး ချစ်သူဘဝကနေ အိမ်ထောင်သည်ဘဝထိ သူ့လက်ကိုရဲရဲတွဲပြီးလျှောက်လှမ်းနိုင်ခဲ့တာမျိုး .... လုံလောက်ပါပြီ။ ဒီလောက်ဆိုရင် ကျွန်တော်ရှင်သန်နေရကျိုးနပ်ပါပြီ။

Honeymoonကနေပြန်လာပြီး ဦးဘုန်းရော၊ ညရောင်ပါ မအားနိုင်ကြ။ ဦးဘုန်းက အချိန်အကြာကြီးပစ်ထားခဲ့မိတဲ့အလုပ်မှန်သမျှ စုပုံရှင်းနေရသည်။ ညရောင်လည်း သင်တန်းတွေပြန်တက်နေရတဲ့အပြင် ကျောင်းပါသွားနေရပြီဆိုတော့ အတော်လေးပင်ပန်းကြသည်။

"ဦး"

"ဗျာ"

"ဦး"

"ဗျာလို့"

"ဦး"

"ကလေး ဦးကိုပြောစရာရှိလို့လား"

"အဲ့လိုလည်းမဟုတ်ပါဘူး ဒီတိုင်းလေးခေါ်လို့ကောင်းလို့"

"ဦးဆိုတာထက် အသုံးအနှုန်းအသစ်တစ်ခုပြောင်းခေါ်ကြည့်ပါလား"

"အသုံးအနှုန်းအသစ်တစ်ခု"

"အင်း"

"ဘယ်လိုလဲဦးရဲ့"

"ယောက်ျားလို့ခေါ်လေ"

"ဟာ ဦးနော် လာပြန်ပြီ ဒီယောက်ျားဆိုတာကြီး"

"ဦးတို့ကလက်ထပ်ပြီးပြီပဲဟာကိုကွာ ခေါ်ပါ ယောက်ျားလို့ ခေါ်ကြည့်"

"ဦးကလည်း ရှက်စရာကြီး"

"ဟောဗျာ ကလေးရယ် ဦးရှေ့မှာရှက်စရာလိုလို့လား"

"ဦးဗျာ .... ဦးပြောပုံကလည်း ကျွန်တော်ာ်ကပဲဦးရှေ့ရောက်ရင်အရှက်မရှိတော့သလိုနဲ့"

"ဟာ ကလေးရယ် အကြီးကြီးတွေတွေးပြန်ပြီကွာ ဦးဆိုလိုတာအဲ့လိုသဘောမျိုးမဟုတ်ပါဘူး .... ကလေးရယ် စိတ်မဆိုးပါနဲ့နော်"

"အင်းပါ"

ဦးဘုန်းလည်း ညရောင်ရဲ့ 'အင်းပါ' ဆိုတဲ့စကားနဲ့အတူပါလာတဲ့ မျက်စောင်းလှလှလေးကြောင့် နှုတ်ခမ်းကော့တက်ရုံမျှမကပြုံးလိုက်မိသည်။ ထို့နောက် ညရောင်သည်သက်ပြင်းရှည်ကြီးချလိုက်သည်။ ပြတင်းပေါက်ဘောင်ပေါ်တက်ထိုင်ကာ လေတဖြူးဖြူးတိုက်တာကိုခံစားနေသည်။ ဦးဘုန်းလည်း ညရောင်နဲ့မျက်နှာချင်းဆိုင်ပြတင်းပေါက်ဘောင်ပေါ်တက်ထိုင်လိုက်ပြီး ညရောင်ကိုငေးကြည့်နေသည်။

Stolen LoveWhere stories live. Discover now