အစ

691 16 0
                                    

"ကျွီ......ဒုန်း!!!!!!"

နွေခေါင်ခေါင်တွင်မိုးကြိုးပစ်သည့်အလား
ကျယ်လောင်သော ကားဘရိတ်အုပ်သံကြီးအဆုံး၌ ပတ်ဝန်းကျင်ရှိလူအပေါင်း၏
မျက်လုံးအစုံက လမ်းလယ်ခေါင်ရှိမြင်ကွင်းတစ်ခုတွင် ရပ်တန့်သွားခဲ့သည်။

မိုးစက်များတဖွဲဖွဲကျနေသော လမ်းမအလယ်ခေါင်တွင်တော့ သွေးစွန်းနေသော အဖြူရောင်အရိပ်ကလေးက ငြိမ်သက်နေသည်။

မိုးစက် မိုးပေါက်တွေကပို၍ကျဆင်းလာသည်။
လူအပေါင်းကလည်း ဝိုင်းအုံလာကြသည်။
အရာအားလုံးက ရုန်းရင်းဆန်ခတ်ဖြစ်နေပေမယ့် ငြိမ်သက်နေသောကောင်မလေး၏ လက်ထဲမှ
လက်ပတ်နာရီ အဖြူလေးကတော့ တချက်ချက်နှင့် ပုံမှန်လည်ပတ်နေဆဲ.....

စက္ကန့်အနည်းငယ်ကြာသည့် အထိ
ထိုနာရီသံက​ငြိမ်သက်နေသော ကောင်မလေး၏ အကြားအာရုံကိုလာထိခတ်နေသည်။ တချက်နှင့်တစ်ချက် ပိုမြန်လာသလိုပင်။
တစ်ချက်နှင့်တစ်ချက်ပို၍ကျယ်လောင်လာသည်။ ထို့နောက်တွင်တော့
အဖြူရောင်ကောင်မလေး၏ မြင်ကွင်းမှာ
မျက်စိကျိမ်းလောက်အောင်ပင် အဖြူရောင်
ဖုံးလွမ်းသွားခဲ့သည်။ ကောင်မလေးက
လဲလျှောင်းနေရင်းနှင့်ပင် ယောင်ယမ်း၍
မျက်လုံးများကို အတင်းဖွင့်လိုက်ရသည်။

**********

"နိုးပြီလား သမီး"

မျက်လုံးတွေကိုဖွင့်လိုက်တော့ မျက်နှာကြပ်
ဖြူဖြူကို အရင်ဆုံးမြင်တွေ့လိုက်ရသည်။
ဘေးနားက အသံကို မျက်လုံးတစ်ချက်ဝေ့ကြည့်
လိုက်တော့ အန်တီလေး။

ဘုရားရေ အန်တီလေးက လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကတည်းက ဆုံးသွားခဲ့ပြီမဟုတ်ဘူးလား။ မျက်မှန်အမဲလေးကိုပင်မတင်၍ ပြုံး
ပြလာသော အန်တီလေးကိုကြည့်ရင်း
မိုး စိတ်ထဲတွင် အပြင်းအထန်စဥ်းစားနေမိသည်။ အန်တီလေး....လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းကမရှိတော့.....

***********

"အခုလိုမိုးစက်လေးတွေက နင့်မျက်တောင်
ရှည်ရှည်လေးတွေအပေါ်မှာ လာပြီးအနားယူတဲ့တစ်နေ့ ငါနင့်ဆီ ပြန်လာခဲ့မယ် မိုး"

"နင်ဘာတွေပြောနေတာလဲ.....အခြေမရှိ အမြစ်ရှိ"

မိုးက ရှေ့တွင်ရှိ​သော မျက်ခုံးကောင်းကောင်း၊အသားညိုညိုနှင့် ဆွဲဆောင်မှုရှိ
သော မျက်ဝန်းများကိုပိုင် ဆိုင်ထားသည့်
ကောင်လေးအားလှမ်းငေါက်လိုက်သည်။
ကောင်လေးကတော့ မိုးကို မျက်နှာချင်းဆိုင်ရင်း
လမ်းကိုနောက်ပြန်လျှောက်နေသည်။

မိုးစက်များခေါ်ဆောင်ရာ (Completed )Where stories live. Discover now