သူ မိုးတို့မြို့လေး ဆီပြန်လာနေသော
တစ်လဟူသည့်အချိန်ကို
စာအုပ်တွေအတူတူဖတ်ရင်း...လျှောက်လည်
ကြရင်း...နှင့်ကုန်ဆုံးပါသည်။အခုလည်း မိုးတက်ရောက်နေသည့် မိုးတို့၏
အမိ တက္ကသိုလ်ကြီးအား သူ့ကိုလိုက်ပြနေ
မိသည်။ ဆောင်းတွင်းဖြစ်၍ မိုးတို့
Day သမားတွေကကျောင်းပိတ်သော်လည်း ကျောင်းတော်ဝန်းကြီးထဲတွင်တော့
အဝေးသင်များနှင့် စည်ကားလျက်ရှိသည်။
သူကတော့ ထုံးစံအတိုင်း
မိုးကို မျက်နှာချင်းဆိုင်၍
နောက်ပြန် လမ်းလျှောက် လျှက်...."မိုး နင်ကျောင်းတက်ရတာပျော်ရဲ့လား"
"ပျော်ပါတယ်...ငါစိတ်ဝင်စားတဲ့ဘာသာရပ်ကိုသင်ရတော့ ပိုတောင်ပျော်သေးတယ်...နင်ရော"
"ငါလည်းပျော်တာပေါ့ဟ။ ရန်ကုန်မှာဆိုရင်
ငါ့မှာသူငယ်ချင်းဆိုလို့တစ်ယောက်ပဲရှိတယ်...သူက နင့်လိုပဲ ချေချေလေးပေမယ့်
ခင်ဖို့တော့တော်တော်ကောင်းတယ်""ဟုတ်လား...ငါသူနဲ့တွေချင်လိုက်တာ"
"ဘာလို့တွေ့မှာလဲ..သူ့မှာရည်းစားရှိတယ်"
"အေး....နင်ပေါက်ကရပြောဖို့ပဲတတ်...သိလား"
မိုးကပြောရင်းဆိုရင်း လိုက်ရိုက်တော့
သူက ထုံးစံအတိုင်းသူက ထွက်ပြေးပါသည်။
မိုးတို့၏ကျောင်းတော်ကြီးကတော့
မိုးစွေငှက် ကလေးနှစ်ကောင်၏ ပျော်မြူးနေမှုကို အရှက်သည်း၍ ကြည့်နေသည်ပေါ့....*****************
ဒီတစ်ခေါက် သူပြန်ခါနီးမှာတော့ မိုးကို
Time ဟူသည့် ရွှေရောင်စာလုံးများထိုးထား
သော မှတ်စုစာအုပ်အဖြူရောင်လေးအား
ပေးပြန် ပါသည်။"မိုး ဒီစာအုပ်လေးမှာ ရှေ့ဆုံးစာမျက်နှာကလွဲရင် နင်ရေးချင်တာရေးလို့ရတယ်"
"ဒါကရော အဖိုးဆီကလား"
"မဟုတ်ဘူး....ဒါကတော့ငါ့သူငယ်ချင်းဆိုင်က..
သူကငါတို့ကျောင်းနားမှာပဲ Time ဆိုတဲ့စာအုပ်ဆိုင်လေးဖွင့်ထားတယ်လေ...အဲ့တာနဲ့ပဲ ငါကြိုက်တဲ့စာအုပ်ကို Design ပြောပြီးမှာထားရတာ""ကျေးဇူးပါပဲ...ဒီနာရီလေးရော...ပြီးတော့ဒီစာအုပ်လေးအတွက်ရော"
YOU ARE READING
မိုးစက်များခေါ်ဆောင်ရာ (Completed )
Short Storyအခုလိုမိုးစက်လေးတွေက နင့်မျက်တောင်ရှည်ရှည်လေးတွေအပေါ်မှာ လာပြီးအနားယူတဲ့တစ်နေ့ ငါနင့်ဆီ ပြန်လာခဲ့မယ် မိုး.....