အဆုံး Zawgyi

66 7 4
                                    

"ဆရာကန်တော့ပွဲက အဝေးကြီးလိုပါသေးတယ်
သမီးရဲ့ ဘယ်လိုဖြစ်လို့ အစောကြီးရောက်
ချလာရတာလဲ"

"သမီး ပျောက်နေတဲ့တစ်ခုကို ရှာမလို့အမေရ"

အမေက နားမလည်သည့်ပုံစံဖြစ်သွား
သောကြောင့် မိုးအမေ့ကို ပြုံးပြလိုက်ရသည်။
တကယ်တော့ မိုးရဲ့ ပြတိုက်ထဲက ခြေထောက်ပေါက်ပြီး ထွက်သွားတဲ့ နှလုံးသားလေးကို
ရှာချင်၍ ဖြစ်သည်ဟူသော
စကားကိုတော့ အမေ့အားမပြောပြဖြစ်ခဲ့ပါ။

သူ့အား မပြောဖြစ်ခဲ့သည့် စကားများကို
ပြန်တွေ့ဖြစ်ရင်တော့ပြောပြချင်ပါသည်။
တစ်ချိန်က မာနထား၍ သိမ်းဆည်းထားခဲ့
သည့်အချစ်များကိုလည်း သူ့အားဖွင့်ပြချင်ပါသေးသည်။

"အမေ တေဇမိုးတို့ အိမ်ကြီးအကြောင်း
ဘာသတင်းကြားမိသေးလဲ"

"ဘာမှတော့ မကြားမိဘူးသမီးရဲ့....တေဇမိုးတို့ အိမ်ကြီးနားကိုတောင် ဘယ်သူမှမသွားကြဘူး"

"ဘာဖြစ်လို့လဲအမေ"

"သူတို့အိမ်ကြီးက ခြံတခါးကို သော့ခပ်ထား
ပေမယ့် ညဘက်တွေဆို အသံတွေကြားရတယ်
လို့ပြောတယ်။ လူတွေကသူတို့အိမ်ကို
အရင်ကတည်းက ကြောက်ကြတာဆိုတော့
ခုဆို ဘယ်သူမှ အဲ့အိမ်နားမကပ်တော့ဘူး"

"အော်"

ဒီလိုဆိုရင်တော့ မိုးထင်တာများ
မှန်နေမလားပဲ။ မျော်လင့်ချက်ရောင်ခြည်
တွေက တဖျက်ဖျက် လင်းလာရသည်။
ညနေပိုင်းတွင်တော့ အမေမသိအောင် မိုးတွေရွာနေသောလမ်းမကိုဖြတ်၍ အိမ်ကြီးဖက်သို့
လစ်ထွက်ခဲ့ရတော့သည်။

***************

မိုးတွေက သဲမဲစွာရွာသွန်းနေသဖြင့်
ပတ်ဝန်းကျင်ကညိုမှောင်နေသည်။
မိုးရွာထဲတွင်တော့
နာရီအဖြူရောင်လေးကိုပတ်ထားပြီး
ဂါဝန်အဖြူလေးနှင့် အဖြူရောင်အရိပ်လေး
တစ်ခု ရပ်နေသည်။ ထိုအဖြူရောင်
အရိပ်လေးက အဖြူရောင် ထီးကို
ဆောင်းထားသောကြောင့် ညိုမှောင်သော
ဝင်းကျင်တွင် ထင်းလင်းနေသည်။

အနှီ အဖြူရောင်အရိပ်ကလေးဖြစ်သည့်
မိုးကတော့ အရှေ့တွင်ရှိနေသည့်
မှောင်မဲနေသော အိမ်ကြီးအား ရပ်၍ကြည့်နေသည်။ မိုးစိတ်ထင်၍လားမသိ
အိမ်ကြီး၏ ပြူတင်းပေါက်ရှိ လိုက်ကာ
အဖြူရောင်လေးလှုပ်ခပ်သွားသည်ကို
မြင်လိုက် ရသည်။

မိုးစက်များခေါ်ဆောင်ရာ (Completed )Where stories live. Discover now